17/12/2012

Memory Stick ကို Portable Computer လိုသုံးကြည့်မယ်


ကျွန်တော် Internet စသုံးတတ်ခါစ လွန်ခဲ့တဲ့ (၈) နှစ်လောက်က ကျွန်တော့်မှာ Mp3 Player လေးတစ်ခုပဲ ရှိခဲ့ဖူးတယ်။ သီးချင်းတွေလည်း နားထောင်လို့ရသလို၊ Data တွေလည်း စုလို့ရခဲ့တယ်။ အဲ့ဒါလေးနဲ့ပဲ ကျောင်းက အင်တာနက်ချိတ်ပေးထားတဲ့ ကွန်ပြူတာခန်းမကိုပြေးလိုက်၊ မကွေးမြို့ထဲက အင်တာနက်ဆိုင်လေးတွေကို သွားလိုက်နဲ့ တော့်တော့်ကို အသုံးတည့်ခဲ့ပါတယ်။

ဒါပေမယ့် ကိုယ်ပိုင်ကွန်ပြူတာမရှိသေးတော့ ကောင်းနိုးရာရာလေးတွေ Download ဆွဲသိမ်းဆည်းလာလည်း

12/12/2012

Cracked Android Apks Update တွေလိုချင်ရင်

Android ဖုန်းတစ်လုံးကို ပိုင်ဆိုင်ထားပြီး အကောင်းတကာ့အကောင်းဆုံး Paid & Free Apks & Games များကို down ချင် ကလိချင်သူများအတွက် . . . . 

17/09/2012

ချစ်ဇနီးအတွက် မွေးနေ့လက်ဆောင်



ငယ်လေးရေ
ဒီနေ့ဟာ နေသာတဲ့နေ့သစ်လေး တစ်နေ့ပေါ့
နံနက်ခင်းဟာ
လေညှင်းနုနုလေးတွေကို လူးလွန့်ကူးမြူးစေတယ်။
ငှက်ငယ်လေးတွေကို တေးသီကျူးရင့်စေတယ်။
ပန်းပွင့်လေးတွေကို

01/08/2012

'အဲ့သာကြောင့် ပြောသာ။ ဆေးခန်းလေးမှာ ရယ်လည်းရယ်၊ ရင်လည်းမောရပါသယ်' လို့


မိုးဦးကျရာသီဆိုတော့ ကျွန်တော့်ဆေးခန်းလေးမှာ လူနာစုံသလို ဇာတ်လမ်းစုံသည်။ ရယ်လည်းရယ် ၊ ရင်လည်းမောရသော အဖြစ်ပျက်လေးတွေက ဒုနဲ့ဒေး။

သမီးဖြစ်သူ လှမွန်ကို လာပြပေးသော ဒေါ်ထွေးအကြောင်း ပြောပြချင်သည်။ တကယ်တော့ ဒေါ်ထွေးက ဒီရပ်ကွက်လေးထဲမှာ ကျွန်တော်ဆေးခန်းစဖွင့်ကတည်းက လာနေကျ။ သူပဲနေမကောင်းဖြစ်ဖြစ်၊ သူ့သားသမီး အပျို၊လူပျိုလေးတွေပဲ နေမကောင်းဖြစ်ဖြစ် ကျွန်တော့်ဆေးခန်းလေးသို့ အားကိုးတကြီးတော့ လာတတ်စမြဲ။ လာတိုင်းလည်း ရောဂါဖြစ်ချိန်နဲ့ ဆေးခန်းဖွင့်ချိန်မကြုံသဖြင့် သူ့ကိုယ်သူရော၊ တခြားလူတွေကိုရော သူကိုယ်တိုင် အရင်ကုထားတတ်သည်။

21/07/2012

E ကောင်းဖို့ အကောင်းဆုံး Site တစ်ခု



ခလုပ်ထိမှ အမိတ တယ်ပဲဆိုရမလားပါပဲ။ ကျောင်းပြီးကတည်းက အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဘာမှကိုယ့်ကိုယ်ကို တိုးတက်အောင် မလုပ်ခဲ့မိဘူး။ ဟောအခု အလုပ်ခေါ်တာ လျှောက်မယ်ဆိုတော့ Written ကပါနေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း Online မှာကမန်းကတန်းလိုက်ရှာကြည့်တော့

14/05/2012

Hindu Festival (Thaipusam) at Myeik (13/5/2012) (ရုပ်/သံ)

          ကျွန်‌တော် ငယ်ငယ်တုန်းက ဟိန္ဒူအပ်ထိုးပွဲလာရင် အသည်းတယားယားနဲ့ သွားကြည့်ဖူးတယ်။ ဒီ‌နေ့လည်း လမ်းမှာ သူတို့ပွဲ‌တော်‌နေ့နဲ့ ကြုံကြိုက်တုန်း ဖုန်းကင်မရာ‌လေးနဲ့ မှတ်တမ်းတင်ထားသမျှ ပြန်လည် Edit လုပ်၍ Share

13/05/2012

သား . . . နေကောင်းရဲ့လား



မိုးအုံ့အုံ့ဆိုင်းဆိုင်းဖြင့် ကျွန်တော့်ဆေးခန်းသည် အေးလူငြိမ်သက်လျက်။ ဂျာနယ်တစ်စောင်ဖတ်နေရင်း ခြေသံကြားသဖြင့် ဆေခန်းဝသို့ ထုံစံအတိုင်း ဟန်ပါပါစောင်းငဲ့ကြည့်လိုက်သည်။

‘ဆရာရေ  ဒူရင်းသီးခြေပေါ်ပြုတ်ကျပြီး အနာဖြစ်နေလို့တဲ့၊ . . . လာ သား ဖြေးဖြေးလျှောက်’

ခြေထောက်နာနေသော သားကို လက်ဆွဲ၍ စကားတပြောပြောဝင်လာသဖြင့် ကျွန်တော်ပါ ကူတွဲပေးရသည်။ မိခင်က သားထက်ပို၍ ကျန်းမာသန်စွမ်းဟန်ရှိသည်။

27/04/2012

Google Drive အသုံးပြုသင့်တဲ့ အချက် (၁၀)ချက်

Cloud Storage ‌တွေကြား မကြာမီရက်ပိုင်းက Google Inc ရဲ့ Google Drive ဆိုတာ‌ပေါ်ထွက်လာခဲ့ပါပြီ။ ကျွန်‌တော်စမ်းသုံးကြည့်သမျှ G-Drive ရဲ့ Features များကို ပြန်လည်‌ဝေမျှလိုက်ရပါတယ်။

(၁) Gmail ရှိရင် G-Drive ရှိတယ်

Gmail ရှိရုံနဲ့ G-Drive သုံးလို့ရတဲ့အတွက် အခြား Cloud Storage Site ‌တွေလို သီးခြား Sign Up လုပ်ပြီး၊ Account Verification လုပ်ရတဲ့ အဆင့်‌တွေမရှိပဲ

25/04/2012

လက်ထပ်ပြီးရင်


လက်ထပ်ပြီးစ(၁)နှစ်မှာ - လင်‌ယောက်ျား တီတီတာတာ‌ပြောသမျှ မိန်းမကနား‌ထောင်တယ်။
(၂)နှစ်‌လောက် ကြာ‌တော့ - မိန်းမ တတွတ်တွတ်‌ပြောသမျှ

10/04/2012

ဘဝရဲ့အ‌ကောင်းဆုံးလက်‌ဆောင်


(နိုင်းနိုင်းစ‌နေ၏ Facebook Page ခွန်အား စိတ်ဓာတ် II မှကူးယူတင်ပြခြင်းဖြစ်ပါသည်)

တခြားလူပိုင်ဆိုင်တဲ့အရာကို အားမကျနဲ့

ကြိုးစားရင် ကိုယ်လည်း သူ့လိုပိုင်ဆိုင်နိုင်ပါတယ်

ကိုယ်ပိုင်ဆိုင်တဲ့အရာကို မကြွားနဲ့

06/04/2012

‌ဒေါက် ‌ဒေါက် ‌ဒေါက် ဘယ်သူလဲ? Cloud Cloud Cloud!

ကျွန်‌တော်တို့ Internet သုံးစွဲသူတိုင်း မဖြစ်မ‌နေပတ်သက်လာရမှာက Cloud Storage System လို့ထင်ပါတယ်။ Cloud Service Provider ‌တွေကလည်း ပုံသဏ္ဍန်အမျိုးမျိုးနဲ့ Consumers ‌တွေကို ဆွဲ‌ဆောင်တတ်ကြပါတယ်။ PC တစ်ခုလုံးကို‌တောင် Backup ‌တွေ၊ Syn လုပ်နိုင်ဖို့အတွက် လစဉ်‌ကြေး

04/04/2012

တစ်‌နေ့တာအလွဲများ


 (ပြီးခဲ့တဲ့နှစ်က ‌နေ့‌လေးတစ်‌နေ့မှာပါ။)

ကျွန်‌တော် မနက်ပိုင်း ‌ဆေးခန်းထိုင်‌နေတုန်း အမျိုးသမီးကြီးတစ်‌ယောက် ‌လေ‌အောင့်လို့ဆိုပြီး လာပြတယ်။ ကျွန်‌တော်လည်း လိုအပ်တာ စမ်းသပ်ပြီး MOM ‌ပေးဖို့လုပ်ရတယ်။ ဖြစ်ချင်‌တော့ ကျွန်‌တော်မ‌နေ့က ဝယ်လာတဲ့ MOM အလုံး 200 ‌လောက်ကို ပါရာစီတ‌မောလ် ဗူးခွံအလွတ်ထဲ ထည့်ထားမိတယ်။ တကယ့် ပါရာစီတ‌မောလ် ဗူးကလည်း‌ဘေးမှာကပ် ရက်သား။ ‌ဆေးကလည်း အဖြူ‌ရောင်ချင်း ပုံစံတူ၊ ဆိုက်တူ။ ကျွန်‌တော်ကလည်း

03/04/2012

အသိုက်မြုံ

       

        မြန်မာနိုင်ငံဆရာဝန်အသင်းက ပို့ချခဲ့‌သောမျိုးဆက်ပြန့်ပွား ကျန်းမာ‌ရေးပညာ‌ပေးခြင်း အ‌ကြောင်း‌ဆေးခန်းထဲထိုင်‌နေရင်း ပြန်ဖတ်‌နေမိသည်။ လူငယ်လူရွယ်များ လမ်းမမှား‌ အောင်၊ ‌ဒေါင်‌ဒေါင်မြည်လူငယ်များအဖြစ် ကိုယ်စွမ်း၊ဉာဏ်စွမ်းပြည့်ဝစွာ တိုင်းပြည်အကျိုး သယ်ပိုးနိုင်‌အောင် Reproductive Health ၏ အ‌ရေးပါပုံများကို‌

02/04/2012

‌ဒေါ်တင်တင်ရီ(NLD မြိတ်) ‌အောင်ပွဲခံလှည့်လည်ခြင်း

2nd April, 2012 ညပိုင်းအချိန် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်

30/03/2012

မ‌ပြောင်းလဲ‌သော အ‌ပြောင်းအလဲများ

နံနက်ခင်းအလင်း‌ရောင်က ငါ့မျက်နှာ‌ပေါ်ခုန်ဆွခုန်ဆွနဲ့ စ‌နှောင့်ယှက်။ အိပ်ရာကထချင်ချင်၊ မထချင်ချင်နဲ့ထ။ ပျင်းလှပါတယ်ဆိုကာမှ‌နေ့သစ်က စပြန်ပြီ။

 ဆာလည်းစား၊ မဆာလည်းစားရမယ့် စားပွဲ‌လေး‌ပေါ်က မနက်စာ စားချင်လည်းစား၊ မစားချင်လည်းစားရဦးမယ်။

 မိတ္တဗလဋီကာ မ‌ကျေညက်ခဲ့တဲ့ငါ Online ‌ပေါ်တက်ချင်လည်းတက်၊

လင်း‌ရောင်‌နေခြည်‌မျှော်မိသည်မို့


ဆွဲဆွဲငင်ငင် အူ‌နေ‌သော‌ခွေးတစ်‌ကောင်၏ အသံသည် ရွာဆန်‌သောသည်ရပ်ကွက်‌လေးအဖို့ ညနက်‌လေ‌လေ တိတ်ဆိတ်‌ချောက်ချားဖွယ် ‌ကောင်း‌လေ‌လေ။လူကြီးသူမတို့၏ အယူအဆအရသည်မျှကြာမြင့်စွာ ကြက်သီးထဖွယ်အူငင်‌နေမှ‌တော့ အတိတ်နိမိတ်သည်သိပ်မ‌ကောင်းလှ။

29/03/2012

ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါ‌စေ . . . .


နာမည်က မသင်းသင်း။အသက်က ၄ဝ ‌ကျော်‌ကျော်‌လောက်‌တော့ရှိလိမ့်မည်။ ကျွန်‌တော့်‌ဆေးခန်း‌လေးကို လာတိုင်း‌တော့ နာမည်နဲ့လိုက်‌အောင် သနပ်ခါးဘဲကျားကွက်ကြီးနှစ်ဖက်နှင့် တသင်းသင်းဖြစ်‌နေတတ်သည်။ အလုပ်က ‌ဈေးသည်။ ‌ဈေးသည်ကမှ သမ္ဗန်‌ဈေးသည်။ ကျွန်‌တော်တို့မြို့က ဝါလပ်၊ဝါတန်း ‌ခေါ်ငါးဖမ်းစက်‌လှေ‌တွေ အမြဲအဝင်အထွက် ရှိ‌နေတတ်သည့်မြို့‌လေးဖြစ်သည်။

 ထိုစက်‌လှေ‌တွေ ‌ကျောက်ချရပ်နားထား‌သော ‌လှေဆိပ်တံတား‌ရေပြင်တဝိုက်

Mumps နှင့်အ‌မေများ


     ခုတ‌လော က‌လေး‌လေး‌တွေဖျားရင် အများစုက ပါးချိတ်‌လေး‌တွေပါ ‌ယောင်ပြီး‌ရောက်လာတတ်တယ်။ ဒါ‌တောင် ‌နွေရာသီ‌ကျောင်းပိတ်ရက်နဲ့ဆုံလို့။ ပါးချိတ်‌ယောင်‌ရောဂါ(Mumps) က ဗိုင်းရပ်စ်‌ကြောင့်ဖြစ်တာဆို‌တော့ ‌ကျောင်းမှာဆို အ‌တော်ကူးစက်မြန်တတ်တယ်။ အဲဒီအချိန်ဆို အ‌မေ‌တွေက ကျမသား‌လေး၊ ကျမသမီး‌လေး ပါး‌ယောင်ပြီး ဖျား‌နေလို့ ဆိုတဲ့ complaint နဲ့ ကျွန်‌တော်တို့ဆီ‌ရောက်လာ‌တော့တယ်။

‌နွေရာသီ‌ကျောင်းပိတ်ရက်ကို‌မျှော် သူတို့‌လေး‌တွေ‌ပျော်မှ‌ပျော်ရပါ့


ဒီလို ‌ဖေ‌ဖော်ဝါရီ လကုန်၊ မတ်လဆန်းချိန်ဆို မူလတန်းနဲ့အလယ်တန်း‌တွေ ‌တော်‌တော်များများ စား‌မေးပွဲ‌တွေပြီးလို့ ‌နွေရာသီ‌ကျောင်းပိတ်ရက်‌တွေစကြပြီ။

     အဂင်္လိပ်စကား‌ပြောမလား၊ Essays & Letters ‌တွေပဲ‌ရေးတတ်ချင်လား၊ သူများက Grammar ဆိုရင် ကိုယ်လည်း လိုက် Grammar မလား၊ ကွန်ပြူတာကို စိတ်ဝင်စားသလား၊ အင်တာနက်၊ အီး‌မေးလ် တတ်ချင်လား၊ အဲဒါ‌တွေအတွက် များပြားလှတဲ့ သင်တန်း‌တွေက က‌လေးသူငယ်‌တွေကို အပြိုင်အဆိုင်‌စောင့်ကြို‌နေ‌လေ့ရှိတယ်။

'နုံ' သည်၊ 'အ' သည်၊ သို့‌သော် 'ရိုး' သည်၊ 'ဖြူ' သည်။


     ကျွန်‌တော် နံနက်စာစားရန် (ဆရာလင်းဇင်‌ယော်‌ရေးသည့်ကဗျာတစ်ပုဒ်အတိုင်းဆိုရလျှင်) ‘ငါ့မြို့‌လေးရဲ့ နံပါတ်တစ် ဇိမ်ခံပစ္စည်း’ ဆိုင်သို့သွားခဲ့ပါသည်။ စား‌နေကျ ‘ကတ်‌ကြေးကိုက်’

ပန်းက‌လေးများ လန်းတင့်ဖြာ‌ဝေ ပွင့်နိုင်‌စေ

မနက်‌စော‌စော ကျွန်‌တော်အိပ်ရာကမထ‌သေးသည့် အချိန်မှာပင် ဖုန်းသံမြည်လာသည်။ ကြည့်လိုက်‌တော့ ကျွန်‌တော်‌ဆေးခန်းထိုင်‌နေသည့် အိမ်ရှင်၏ဖုန်းနံပါတ်။

     ‘သား‌ရေ မင်းညီမ‌လေး ဘာဖြစ်တာလည်းမသိဘူးကွယ်။‌ခေါင်း‌တွေအရမ်းကိုက်တယ်လို့‌ပြောပြီး ငိုပဲငို‌နေတယ်။ သားမြန်မြန်လာကြည့်‌ပေးပါဦး’    ဟုဆိုကာ အန်တီသန်းခမျာ ‌ရေးကြီးသုတ်ပြာဟန်ဖြင့် ဖုန်းကိုချသွားသံကြားရသည်။

     အန်တီသန်း၏သမီး ၈ တန်း‌ကျောင်းသူ‌လေး မီးငယ်မှာ အရွယ်နှင့်မလိုက်‌အောင်

28/03/2012

စိတ်‌ကျောင်းခြင်း


ရင်ကိုထိ‌သောရိုက်ချက်များ  ဒီ‌နေ့ ကျွန်‌တော့်ထံ အလည်မ‌ရောက်ခဲ့ကြပါ။

လေးလံ‌နေ‌သောစိတ်များသည် တစ်စက္ကန့်အတွင်း စကြဝဠာတိုက်တစ်‌သောင်းသို့ အလည်‌ရောက်ချင်‌ရောက်ပြီးဖြစ်‌နေနိုင်သည်။

လူတစ်‌ယောက်ကို စိတ်ကုန်သွားသည်ဟု ‌ပြော‌နေစဉ်အတွင်း ထိုလူအ‌ကြောင်းသာ

ကျွန်‌တော်ပ‌ယောဂဆရာ


          မိုးစဲစည‌နေခင်းတစ်ခု၌ နွမ်းပါးပုံရ‌သော အသက်သုံးဆယ်ဝန်းကျင်

ဟယ်လို. . . ‌ဒေါက်တာ


     ပထမဆုံး ‌ဆေးခန်းစဖွင့်သည့်‌နေ့မို့ ထင်သည်။ ကျွန်‌တော့်တစ်ကိုယ်လုံး ‌ပေါ့ပါးတက်ကြွလို့‌နေသည်။ ဆမ ရပြီးကာစ ကိုယ်ပိုင်အလုပ်‌လေးမို့ ဂုဏ်ယူမဆုံး။ လူနာ‌တွေအ‌ပေါ် နှုတ်ချိုမည်၊‌စေတနာပိုမည်၊ မှန်ကန်ထိ‌ရောက်‌သောကုသမှု‌ပေးမည် စသည်စသည် အ‌တွေးတို့ဆူ‌ဝေလျက် .  .  .။

         `ဆရာရှင့် မီး ‌ဆေးခန်းပြချင်လို့´

          ကျွန်‌တော့်နှာ‌ခေါင်းထဲသို့ ‌မွှေးပျံ့‌နေ‌သော ရနံ့တချို့နှင့်အတူ နားထဲသို့ဝင်လာ‌သော ထိုစကားသံပြာပြာ၊ ကျွန်‌တော့်မျက်လုံးတွင်း၌ကား .  .  .။ လိုအပ်‌သော‌ရောဂါရာဇဝင်‌မေးမြန်းမှု၊


25/03/2012

‌ဒေါ်‌အောင်ဆန်းစုကြည်၏ မိန့်ခွန်း (မတ်လ ၂၅ရက်‌နေ့၊ ၂၀၁၂ခုနှစ်၊ မြိတ်မြို့။) (ရုပ်/သံ)

မြိတ်မြို့တွင် ရိုက်ကူးဖြန့်ဖြူးထား‌သော ‌ဒေါ်‌အောင်ဆန်းစုကြည်၏ မြိတ်ခရီးစဉ် DVD မှတ်တမ်းအ‌ခွေမှ ‌ကောက်နုတ် Upload တင်ထား

18/03/2012

ကျွန်‌တော်တို့ရဲ့‌ခေါင်း‌ဆောင်ကို ကျွန်‌တော်တို့ တကယ် ချစ်တတ်ကြပြီလား?


ကျွန်‌တော်ထိုင်‌နေတဲ့ ‌ဆေးခန်း‌လေးတစ်ခုကို လာပြတဲ့ က‌လေး‌လေးနှစ်‌ယောက်ပါ။ ရိုးရိုးနှာစီး‌ချောင်းဆိုး‌လေး‌လောက် လာပြတာဆို‌တော့ က‌လေး‌လေး‌တွေက ပါးကွက်ကျား‌လေး‌တွေနဲ့ ချစ်စရာ‌ကောင်းလိုက်တာ လူနာလို့‌တောင်မထင်ရဘူး။ ကျွန်‌တော်လည်း စမ်းသပ်‌ဆေး‌ပေးပြီး သူတို့‌လေး‌တွေရဲ့ လည်ပင်းက ‌လော့ကက် ‌လေး‌တွေကိုသတိထားမိ‌တော့ အံ့ဩ၊ ဝမ်းသာ၊ ဝမ်းနည်းဖြစ်သွားရတယ်။ တကယ့်ကို အဲ့ဒီခံစားမှု သုံးမျိုးလုံးတပြိုင်တည်း ဖြစ်သွားတာပါ။

အံ့ဩတာက

ကျားကိုက်ပါတယ်ဆိုမှ



'ဦးဦးဆရာ‌ရေ ညကသားကို ကျားလိုက်ကိုက်လို့'

နံနက်ပိုင်း‌ဆေးခန်း ဖွင့်ဖွင့်ချင်း ‌ရောက်လာ‌လေ့ရှိ‌သော ‌ဘေးအိမ်မှ ‌လေးနှစ်သားအရွယ် ထက်နိုင်ဦး၏ အသံစာစာ‌လေး။ ဒီတစ်‌ခေါက်သူအ‌လောတကြီး‌ပြောပြီး ဝင်လာတာက‌တော့ထူးဆန်း‌နေတယ်။ အရင်ကဆို ထက်နိုင်ဦးက‌ဆေးခန်းကူဖွင့်‌ပေးရင်း c-vit ချိုချဉ်‌လေး‌တွေလာယူ‌နေကျ။ ‌ဆေးခန်းကိုအမြန်ဖွင့်ပြီး

03/01/2012

Ubuntu11.10 စတင်သုံးဖို့ကျွန်‌တော်‌ဖြေရှင်းခဲ့ရ‌သောပြဿနာများ



 ဘာလဲဟင် Linux

ကျွန်‌တော် Linux ဆိုတဲ့နာမည်ကို ကြားဖူးခဲ့တာလွန်ခဲ့တဲ့ သုံးနှစ်ခန့်‌လောက်ကပါ။ မှတ်မှတ်ရရဆိုရရင် ရန်ကုန်က‌နေ မြိတ်ကိုသ‌င်္ဘောစီးပြီး ပြန်လာစဉ်ကဖြစ်ပါတယ်။ဒီလို‌ပြောလိုက်လို့ သ‌င်္ဘောပေါ်မှာ Linus Torvalds ကြီးနဲ့များဆုံခဲ့‌လေသလားဟုသို့‌လောသို့‌လော ဖြစ်မသွားကြပါနဲ့ဦး။ :) ဆုံခဲ့ရတာက သ‌င်္ဘောဆရာဝန်တစ်ဦးနဲ့ပါ။ ကျွန်‌တော်တို့ဘွဲ့ယူပြီးပြန်လာ‌တော့ အဲဒီဆရာဝန်ရဲ့ အကူအညီနဲ့ ဆေးရုံခန်း‌လေးမှာ‌နေရာထိုင်ခင်းရပါတယ်။ သူကလည်း IT အ‌ကြောင်းစိတ်ဝင်စားတဲ့ အသက်၅၀‌ကျော် ဆရာဝန်တစ်ဦးဖြစ်‌နေတာ‌ကြောင့်စကား‌တွေ‌ပြောဖြစ်ကြတယ်။ သူ့သားကခု Linux ကို‌လေ့လာ‌နေတဲ့အ‌ကြောင်း၊ Server ‌တွေအတွက် Linux ဟာဘယ်‌လောက်‌ကောင်း‌ကြောင်း၊