21/07/2012

E ကောင်းဖို့ အကောင်းဆုံး Site တစ်ခု



ခလုပ်ထိမှ အမိတ တယ်ပဲဆိုရမလားပါပဲ။ ကျောင်းပြီးကတည်းက အင်္ဂလိပ်စာနဲ့ပတ်သက်ပြီး ဘာမှကိုယ့်ကိုယ်ကို တိုးတက်အောင် မလုပ်ခဲ့မိဘူး။ ဟောအခု အလုပ်ခေါ်တာ လျှောက်မယ်ဆိုတော့ Written ကပါနေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း Online မှာကမန်းကတန်းလိုက်ရှာကြည့်တော့
ဆရာမောင်မောင်ဝမ်း ရဲ့ The Best English for You ဆိုတဲ့ Site ကို သွားတွေ့မိတာပါပဲ ခင်ဗျာ။ ရေငတ်တုန်း ရေတွင်းထဲကျခဲ့တဲ့အတွက် Site တည်ထောင်သူ ဆရာမောင်မောင်ဝမ်းကို အထူးကျေးဇူးတင်နေမိကြောင်းပါ။ အခုလည်း ကျွန်တော့် Blog မှာ Site ညွှန်းအနေနဲ့သာ Share လိုက်ရတာပါ။ တော်တော်များများအတွက် သိပြီးသား Site တစ်ခု ဖြစ်ချင်ဖြစ်နေမှာပါ။ တစ်ယောက်တလေလောက် အတွက် အသစ်ဖြစ်နေရင်တောင် ကျေနပ်လှပါပြီ ခင်ဗျာ။

Site - The Best English for You


No comments:

Post a Comment

ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်