17/09/2012

ချစ်ဇနီးအတွက် မွေးနေ့လက်ဆောင်



ငယ်လေးရေ
ဒီနေ့ဟာ နေသာတဲ့နေ့သစ်လေး တစ်နေ့ပေါ့
နံနက်ခင်းဟာ
လေညှင်းနုနုလေးတွေကို လူးလွန့်ကူးမြူးစေတယ်။
ငှက်ငယ်လေးတွေကို တေးသီကျူးရင့်စေတယ်။
ပန်းပွင့်လေးတွေကို
လန်းတင့်ငွါးစွင့်စေတယ်။

ငယ်လေးရေ
သာယာကြည်လင်လှတဲ့ ဒီနံနက်ခင်းမှာလေ
ဆံနွယ်မျှင်လေးတစ်ချို့ ဝေ့၀ဲသွားစေတဲ့ လေနုအေးနဲ့အတူ
တစာစာ မြည်ကျူးနေတဲ့ တေးငှက်သံသာနဲ့အတူ
နေခြည်အဖြာမှာ သင်းကြူလာတဲ့ ပန်းရနံ့လေး နဲ့အတူ
(ပြီးတော့) ရှိုက်ခြင်းပါတဲ့အနမ်းလေး တစ်ပွင့်နဲ့အတူ
ငယ့်ကို  ကြည်နူးစွာနိုးထစေမယ်။

ငယ်လေးရေ
ဒီနေ့သစ်မှာလေ
ကိုယ်တို့ဘ၀လှေလေးထဲ (ငယ့်အတွက်)
အကြင်နာတွေထပ်တိုးလို့တင်မယ်
သံယောဇဉ်နှောင်ကြိုးတွေနဲ့ ထပ်တိုးလို့ငင်မယ်။
နားလည်မှုများစွာနဲ့ ငယ်က ပဲ့ကိုင်ပေးနေတဲ့အချိန်
ချစ်တဲ့ ခွန်အားတွေနဲ့ ခရီးဆုံးအထိ ကိုယ်က လှော်ခတ်မယ်။

ဒါတွေဟာ
ငယ့်မွေးနေ့ဖြစ်တဲ့ ဒီနေ့သစ်မှာ
ကိုယ်ပေးတဲ့ မွေးနေ့လက်ဆောင်လည်းဖြစ်တယ်။
ကိုယ့် သစ္စာတရားလည်းဖြစ်တယ် ငယ်။

1 comment:

ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်