04/04/2012

တစ်‌နေ့တာအလွဲများ


 (ပြီးခဲ့တဲ့နှစ်က ‌နေ့‌လေးတစ်‌နေ့မှာပါ။)

ကျွန်‌တော် မနက်ပိုင်း ‌ဆေးခန်းထိုင်‌နေတုန်း အမျိုးသမီးကြီးတစ်‌ယောက် ‌လေ‌အောင့်လို့ဆိုပြီး လာပြတယ်။ ကျွန်‌တော်လည်း လိုအပ်တာ စမ်းသပ်ပြီး MOM ‌ပေးဖို့လုပ်ရတယ်။ ဖြစ်ချင်‌တော့ ကျွန်‌တော်မ‌နေ့က ဝယ်လာတဲ့ MOM အလုံး 200 ‌လောက်ကို ပါရာစီတ‌မောလ် ဗူးခွံအလွတ်ထဲ ထည့်ထားမိတယ်။ တကယ့် ပါရာစီတ‌မောလ် ဗူးကလည်း‌ဘေးမှာကပ် ရက်သား။ ‌ဆေးကလည်း အဖြူ‌ရောင်ချင်း ပုံစံတူ၊ ဆိုက်တူ။ ကျွန်‌တော်ကလည်း

မ‌နေ့ကတည်းက ဗူးခွံမှာ အညွှန်းကပ်ဖို့‌မေ့သွားတယ်။ ‌ဆေးခန်း‌လေးကို မနက်ပိုင်း လျှပ်စစ်မီးမ‌ပေးထား‌တော့ ‌ဆေး‌တွေတင်ထားတဲ့ စားပွဲတဝိုက်မှာ ‌မှောင်ရိပ်ကခပ်သန်းသန်း။ အဲဒီမှာ ကျွန်‌တော်လည်း အလွယ်နည်း‌လေးသုံးလိုက်မိတယ်။ ‌ဆေးဗူးကို ဖွင့်လို့ အနံ့ခံကြည့်မိတယ်။ ‌လေ‌ဆေး MOM အနံ့က သိပ်သိသာတာကိုး။ အဲဒီမှာ လူနာအမျိုးသမီးကြီးက ထ, ‌အော်‌တော့တာပဲ။

‘ဟာ . . . ဆရာ၊ ‌ဆေး‌တွေကို မနမ်းရဘူး‌လေဆရာ၊ ‌ဆေးအာနိသင်‌တွေ ပြယ်သွားတတ်တယ်’ တဲ့။ ကျွန်‌တော့်မှာ ငိုရအခက်၊ ရီရအခက်။

‌ဆေးခန်းကအပြန် အိမ်မှာ Print ထုတ်ထားတဲ့ စာရွက်‌လေး‌တွေစီတယ်။ ဖိုင်တွဲဖို့ Paper Clip ကကုန်‌နေ‌တော့ လမ်းထိပ်ကဆိုင်မှာ သွားဝယ်ဖို့ထွက်ရတယ်။ ဆိုင်‌ရှေ့‌ရောက်‌တော့ ‌နေ့လည်းခင်း‌နေက ပူခြစ်‌တောက်(တရုတ်နာမည် မဟုတ်ပါ :)) ‌နေတာ‌ကြောင့် ဆိုင်ကယ်ထိုင်ခုံကိုလှန်ထားကာ ကလစ်ဝင်ဝယ်ပါတယ်။ အဲဒီအချိန်မှာပဲ ပူ‌လောင်‌နေတဲ့ကြားက အ‌နွေးထည်ခပ်ပါးပါး ဝတ်ထားတဲ့ လူရွယ်တစ်‌ယောက်လည်း ဆိုင်‌လေးထဲဝင်လာတယ်။ ကျွန်‌တော်အရင်‌ရောက်‌ပေမယ့် သူ့ပုံစံကိုမြင်ပြီး သနားမိတာ‌ကြောင့် ဝယ်ပါ‌စေ‌တော့ဆိုပြီး ‌စောင့်‌နေလိုက်တယ်။ သူကဆိုင်ရှင်ကို‌မေးလိုက်တယ်။

‘ကုလား ၄ ‌ကောင်ရှိလား ‌ဒေါ်‌ဒေါ်’

‘‌အေး‌အေးရှိတယ် သား၊ ၂၅ဝတန်လား၊ ၄၀ဝ တန်လား’ လို့ဆိုင်ရှင်အ‌ဒေါ်ကြီးက‌မေးရင်း ဖဲထုပ်‌တွေတစ်ထုပ်ပြီး၊ တစ်ထုပ် ထုတ်ပြ‌နေပါ‌တော့တယ်။ လူရွယ်‌ကောင်‌လေးက မျက်နှာပျက်ပျက်နဲ့ . . .

‘ဟာ အ‌ဒေါ် ဘာလုပ်တာတုန်းဗျ၊ ‌နေမ‌ကောင်းလို့ ‌ဆေးလာဝယ်ပါတယ် ဆိုကမှဗျာ။ အတိတ်‌တွေ၊ နိမိတ်‌တွေများ ဖြစ်‌နေ‌တော့မလားမသိဘူး။ ကုလား ၄ ပုံ ပါတဲ့ တုပ်‌ကွေး၊ အဖျား‌ပျောက်‌ဆေး‌လေ။ နာမည်‌တော့ ကျွန်‌တော်မ‌ခေါ် တတ်ဘူး။ အ‌တော်များများက‌တော့ ကုလား ၄ ‌ကောင်လို့‌ခေါ်တာပဲ။ အဲဒါရှိလား အ‌ဒေါ်’ လို့ ‌ပြောလိုက်‌တော့မှ ဆိုင်ရှင်အ‌ဒေါ်ကြီးလည်း ပျာပျာသလဲနဲ့ ‌ဆေး‌တွေထည့်ထားတဲ့ ခြင်း‌လေးကိုပြရှာတယ်။ ကျွန်‌တော်လည်း စိတ်ဝင်တစားကြည့်‌နေရင်းမှ ‌တွေ့ပါပြီဗျား။ Mixagrip တဲ့။ ကျွန်‌တော်ကြည့်လိုက်‌တော့ ကုလား ၄ ‌ယောက် နှာစီး၊‌ချောင်းဆိုးပြီးဖျား‌နေရာက ‌နေ‌ကောင်းသွားတဲ့ပုံကို တစ်ဆင့်ခြင်းပြထားတာ။ Decolgen ပုံစံမျိုး တုပ်‌ကွေးမှာ‌သောက်တဲ့‌ဆေးမျိုးပါပဲ။ အင်း‌ပေါ့ အဲဒီ‌ဆေးကဒ်မှာ‌ရော ဖဲထုပ်မှာပါ ကုလားကလည်း ၄ ‌ကောင်စီ  ပါတာချင်းတူတာပဲ ဟု‌တွေးရင်း ကျွန်‌တော်လည်း ပြုံးစစနဲ့ Paper Clip ဝယ်ကာပြန်ခဲ့ပါ‌တော့တယ်။ ဒါ‌တောင် ဆိုင်တို့ ထုံးစံအတိုင်း အမ်းစရာမရှိလို့ တစ်ရာဖိုး ပလတ်စတစ်အိတ်အ‌သေးနဲ့ ထုပ်ထားတဲ့ သကြားလုံး‌တွေ ဆိုင်ကယ် ထိုင်ခုံ‌အောက်မှာ ထည့်ယူလာခဲ့ရ‌သေးတယ်။

ည‌နေ‌ဆေးခန်းထိုင်ချိန်မှာလည်း မနက်နဲ့‌နေ့လည်ကလို ဘာများ တလွဲ‌တွေကြုံရဦးမှာလဲလို့ ‌တွေးရင်းရင်ထိတ် ‌နေမိ‌သေးတယ်။ ဒီလိုနဲ့‌ဆေးခန်းက‌နေအိမ်ကိုပြန် ထမင်းစား‌သောက်ပြီး အိမ်‌နေရင်း‌လေးဝတ်လို့ လက်ဖက်ရည်ဆိုင် ထိုင်ဖို့မြို့ထဲ ပြန်ထွက်ခဲ့တယ်။ ဆိုင်ကယ်ဦးထုပ်က ‌ဆောင်း‌နေကျဆို‌တော့ ညလမ်းထွက်လည်း ‌ဆောင်းပြီး ‌မောင်းခဲ့တယ်။ ‌ဟော ‌တွေ့ပါပြီ။ ကျွန်‌တော့်တို့မြို့ရဲ့ ကမ်းနားလမ်း၊ ပုလဲရတနာခန်းမ ‌ရှေ့မှာ ရဲ‌တွေ‌ရော၊ ‌မော်‌တော်ပီကယ်‌တွေ‌ရော ရုတ်ရုတ်သဲသဲနဲ့ ဖြတ်သမျှဆိုင်ကယ်‌တွေ တား‌နေတယ်။ ကျွန်‌တော်လည်း ရုတ်တရက်‌တော့ ‌ကြောင်သွားတယ်။ ဒီအချိန် ဆိုင်ကယ်ဦးထုပ်ဖမ်း‌လေ့မရှိပါဘူး‌ပေါ့။ အို ဖမ်းလည်း ငါညကြီးမိုးချုပ်‌တောင် ဦးထုပ်‌ဆောင်းထားတာပဲဆိုပြီး ခပ်တည်တည်နဲ့ သူတို့‌ရှေ့ဖြတ်‌မောင်းသွားမိတယ်။ ဘယ်လွတ်လိမ့်မလဲ။ ကျွန်‌တော့်ဆိုင်ကယ်ကိုပါတားပြီး ဓာတ်မီးနဲ့ ဟိုထိုး၊ဒီထိုးလုပ်‌တော့ စိတ်နည်းနည်းတိုသွားပြီး ဘာ‌ကြောင့်တားတာလဲ ဆိုတာ‌မေးမိတယ်။ ဒီမှာတင် ရဲသားကြီးက ‘တာဝန်အရ၊ သတင်းအရ ရှာ‌ဖွေ‌နေရလို့ပါ။ ရန်ကုန်မှာ ဗုံး‌ပေါက်တဲ့ကိစ္စ‌တွေနဲ့ ဆက်စပ်‌နေလို့ပါ။ ဆိုင်ကယ်‌သော့‌လေး ခဏ‌လောက်ပါ။’ လို့ ရှင်းပြပြီး ကျွန်‌တော့်ဆိုင်ကယ်ထိုင်ခုံကို (ဗုံးရှာဖို့လား‌တော့မသိ) လှန်ပါ‌တော့တယ်။ ရဲသားကြီးဓာတ်မီးနဲ့ ဟိုထိုးဒီထိုးရှာ‌တော့ လိုင်စင်စာအုပ်နဲ့တခြား ဆိုင်ကယ်ပြင်ပစ္စည်းကြားမှာ ပလတ်စတစ်အထုပ်‌လေးတစ်ထုပ် သွား‌တွေ့တယ်။ ကျွန်‌တော့် ကို ‌နေ့လည်က ဟိုအ‌ဒေါ်ကြီး အမ်းလိုက်တဲ့ အထုပ်‌ပေါ့။ သူ ‌သေချာကြည့်‌တော့ ကျွန်‌တော်လည်း ‌သေချာလိုက်ကြည့်မိတယ်။ ပြီး‌တော့ သူကရုတ်တရက် ထ‌ပြောလိုက်တယ်။

‘ဟာ   ဒိုင်းနမိုက် ‌တွေပါလား’ တဲ့။

တကယ်ပါဗျာ။ ကျွန်‌တော့်မှာဖြင့် ထူပူသွားတာပဲ။ ဗုံးရှာ‌နေပါတယ်ဆိုမှ ကျွန်‌တော့်မှာ ဒိုင်းနမိုက်‌တွေ ‌တွေ့တယ်လို့ ‌ပြောလိုက်‌တော့ မလန့်ဘယ်သူရှိပါ့မလဲ ‌နော။ ရဲသားကြီးက‌တော့ ‌ပျော်တပြုံးပြုံး နဲ့ သူကိုင်ထားတဲ့ အိတ်က‌လေးကို ဓာတ်မီးနဲ့ထိုးပြရှာတယ်။ ဟုတ်ပါ့ဗျား။ အထဲမှာ ဒိုင်နမိုက် မှ ဒိုင်နမိုက် အစစ်။ ဒိုင်းနမိုက် ၅ လုံးကြီးများ‌တောင်။ ‌နေ့လည်က အ‌ဒေါ်ကြီးအမ်းလိုက်တဲ့ Dynamite သကြားလုံး‌တွေ‌လေ။

ကျွန်‌တော်လည်း ရဲသားကြီးကို ‘‌တော်‌တော်‌နောက်တာပဲဗျာ’ လို့ အရှက်‌ပြေ‌ပြောပြီး ဆိုင်ကယ်‌မောင်းထွက်ခဲ့တယ်။ ‌နောက်ပြီး ဒီ‌လောက်‌တောင်လွဲရသလားဟ လို့ကိုယ့်ကိုယ်ကို ရယ်မိရင်း အဲဒီ ဒိုင်းနမိုက်‌တွေ တစ်လုံးပြီးတစ်လုံး စားပစ်လိုက်ပါ‌တော့တယ်။

မနက်က‌နေ ညအထိ အလွဲ‌တွေနဲ့ကြုံခဲ့ရတဲ့ ဒီစာစု‌လေး‌ရေးပြီးသွားလို့ ထူးအိမ်သင်ရဲ့ သီချင်း‌ခေါင်းစဉ်အတိုင်း ‌ပေးလိုက်တယ်။ ‌နောက်မှ ပြန်ဖတ်ကြည့်လိုက်‌တော့ ‌ခေါင်းစဉ်‌တောင် နည်းနည်း‌တော့ လွဲ‌နေသလားလို့။ အို လွဲလွဲ‌လေးပဲ ‌ကောင်းပါတယ် ဗျ‌နော :)။     ။

No comments:

Post a Comment

ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်