03/01/2012

Ubuntu11.10 စတင်သုံးဖို့ကျွန်‌တော်‌ဖြေရှင်းခဲ့ရ‌သောပြဿနာများ



 ဘာလဲဟင် Linux

ကျွန်‌တော် Linux ဆိုတဲ့နာမည်ကို ကြားဖူးခဲ့တာလွန်ခဲ့တဲ့ သုံးနှစ်ခန့်‌လောက်ကပါ။ မှတ်မှတ်ရရဆိုရရင် ရန်ကုန်က‌နေ မြိတ်ကိုသ‌င်္ဘောစီးပြီး ပြန်လာစဉ်ကဖြစ်ပါတယ်။ဒီလို‌ပြောလိုက်လို့ သ‌င်္ဘောပေါ်မှာ Linus Torvalds ကြီးနဲ့များဆုံခဲ့‌လေသလားဟုသို့‌လောသို့‌လော ဖြစ်မသွားကြပါနဲ့ဦး။ :) ဆုံခဲ့ရတာက သ‌င်္ဘောဆရာဝန်တစ်ဦးနဲ့ပါ။ ကျွန်‌တော်တို့ဘွဲ့ယူပြီးပြန်လာ‌တော့ အဲဒီဆရာဝန်ရဲ့ အကူအညီနဲ့ ဆေးရုံခန်း‌လေးမှာ‌နေရာထိုင်ခင်းရပါတယ်။ သူကလည်း IT အ‌ကြောင်းစိတ်ဝင်စားတဲ့ အသက်၅၀‌ကျော် ဆရာဝန်တစ်ဦးဖြစ်‌နေတာ‌ကြောင့်စကား‌တွေ‌ပြောဖြစ်ကြတယ်။ သူ့သားကခု Linux ကို‌လေ့လာ‌နေတဲ့အ‌ကြောင်း၊ Server ‌တွေအတွက် Linux ဟာဘယ်‌လောက်‌ကောင်း‌ကြောင်း၊