14/05/2012

Hindu Festival (Thaipusam) at Myeik (13/5/2012) (ရုပ်/သံ)

          ကျွန်‌တော် ငယ်ငယ်တုန်းက ဟိန္ဒူအပ်ထိုးပွဲလာရင် အသည်းတယားယားနဲ့ သွားကြည့်ဖူးတယ်။ ဒီ‌နေ့လည်း လမ်းမှာ သူတို့ပွဲ‌တော်‌နေ့နဲ့ ကြုံကြိုက်တုန်း ဖုန်းကင်မရာ‌လေးနဲ့ မှတ်တမ်းတင်ထားသမျှ ပြန်လည် Edit လုပ်၍ Share

13/05/2012

သား . . . နေကောင်းရဲ့လား



မိုးအုံ့အုံ့ဆိုင်းဆိုင်းဖြင့် ကျွန်တော့်ဆေးခန်းသည် အေးလူငြိမ်သက်လျက်။ ဂျာနယ်တစ်စောင်ဖတ်နေရင်း ခြေသံကြားသဖြင့် ဆေခန်းဝသို့ ထုံစံအတိုင်း ဟန်ပါပါစောင်းငဲ့ကြည့်လိုက်သည်။

‘ဆရာရေ  ဒူရင်းသီးခြေပေါ်ပြုတ်ကျပြီး အနာဖြစ်နေလို့တဲ့၊ . . . လာ သား ဖြေးဖြေးလျှောက်’

ခြေထောက်နာနေသော သားကို လက်ဆွဲ၍ စကားတပြောပြောဝင်လာသဖြင့် ကျွန်တော်ပါ ကူတွဲပေးရသည်။ မိခင်က သားထက်ပို၍ ကျန်းမာသန်စွမ်းဟန်ရှိသည်။