17/12/2012

Memory Stick ကို Portable Computer လိုသုံးကြည့်မယ်


ကျွန်တော် Internet စသုံးတတ်ခါစ လွန်ခဲ့တဲ့ (၈) နှစ်လောက်က ကျွန်တော့်မှာ Mp3 Player လေးတစ်ခုပဲ ရှိခဲ့ဖူးတယ်။ သီးချင်းတွေလည်း နားထောင်လို့ရသလို၊ Data တွေလည်း စုလို့ရခဲ့တယ်။ အဲ့ဒါလေးနဲ့ပဲ ကျောင်းက အင်တာနက်ချိတ်ပေးထားတဲ့ ကွန်ပြူတာခန်းမကိုပြေးလိုက်၊ မကွေးမြို့ထဲက အင်တာနက်ဆိုင်လေးတွေကို သွားလိုက်နဲ့ တော့်တော့်ကို အသုံးတည့်ခဲ့ပါတယ်။

ဒါပေမယ့် ကိုယ်ပိုင်ကွန်ပြူတာမရှိသေးတော့ ကောင်းနိုးရာရာလေးတွေ Download ဆွဲသိမ်းဆည်းလာလည်း
အချိန်မရွေးပြန်မကြည့်၊ ပြန်မကလိနိုင်ခဲ့ဘူး။ နောက်ဆုံးနှစ် အပိုင်း (ခ) ရောက်တော့ မေမေ က Budget PC လေးတစ်လုံး ၀ယ်ပေးခဲ့တယ်။ ပူဆာတုန်းကတော့ အင်တာနက်ကနေ ဆေးပညာနဲ့ ပတ်သက်တာလေးတွေ သိမ်းလာပြီး အဆောင်မှာ အေးအေးဆေးဆေးပြန်လေ့ လာနိုင်အောင်ပေါ့။ နောက်တော့လည်း စာ ဘက်မရောက်ပါဘူး။ Software တွေ Down၊ ပြီးရင် ဟိုကလိ၊ ဒီကလိ။ ပြီးတော့ Game ဆော့ နဲ့ပဲ သံသရာလည်နေခဲ့တာပါပဲ။ :)

အဲ့ဒီအချိန်အတော အတွင်းမှာ ဘယ်နေရာရောက်ရောက်၊ ဘယ်သူ့ကွန်ပြူတာကို သုံးသုံး ကျွန်တော့်အတွက် အဆင်ပြေဆုံးက ကျွန်တော့် USB Flash Drive လေးပါပဲ။ (Mp3 Player ကိုမသုံးတော့ပဲ 2 Gigabyte ဆန့်တဲ့ USB stick လေးပဲပြောင်းသုံးလိုက်ပါတယ်။) အဲ့ဒီ USB Stick လေးနဲ့ပဲ Data တွေကို Download ဆွဲ၊ အဲ့ဒီ USB Stick လေးနဲ့ပဲ ရုပ်ပုံတွေ၊ စာသားတွေ Upload တင်။ တော့်တော့်ကို ဘ၀င်တွေ့စရာကောင်းခဲ့ပါတယ်။ ဒါပေမယ့် ကြုံတွေ့ရတာက ကိုယ်သွားသုံးတဲ့ စက်မှာ ကိုယ်လိုချင်တဲ့ Program မရှိရင် ကိုယ့် File တွေကို အလွယ်တကူ Edit မလုပ်နိုင်တာပဲ။ (ခုလို Cloud တွေလည်း ခေတ်မစားသေးဘူး။) စာစီစာရိုက်၊ PowerPoint လုပ်ချင်လို့မှ အဲ့ဒီစက်မှာ MS Office လေးမှမတင်ထားရင်၊ ဓာတ်ပုံလေးတွေပြင်ချင်လို့မှ Photoshop လောက်မှမတင်ထားရင်၊ ကိုယ့်မှာလည်း NoteBook နဲ့ NetBook လိုလည်း လိုရာသယ်နိုင်တဲ့ PC လေးမှ မရှိရင် အင်မတိ၊ အင်မတန် စိတ်ကသိ ကအောင့် ဖြစ်စရာအနေအထားပါ။

ဒါတွေကို ကျော်လွှားဖို့ ကျွန်တော် ကျောင်းပြီးလို့ မြို့ကိုပြန်ရောက်တော့ Portable Apps(Softwares) လေးတွေနဲ့ ထိတွေ့ခဲ့ရပါတယ်။ အဲ့ဒီတုန်းက ခုလောက် အင်တာနက်ဆိုင်တွေ ပေါပေါများများ မရှိသေးဘူး။မြို့မှာ PAC လို့ခေါ်တဲ့ Public Access Center ဆိုင် မှ ၃ဆိုင်လောက်ပဲရှိသေးတာ။ ဈေးကလည်းမသေးဘူး ၁ နာရီ ၁၀၀၀ နဲ့ ၁၅၀၀ ကြားလောက်ရှိတယ်။ ကိုယ်တိုင်ကလည်း အင်တာနက်သိပ်သုံးချင်တာ ဆိုတော့ မုန့်ဖိုးရသမျှပိုက်ဆံလေးတွေကို စုစုပြီးသွားသုံးရတာပေါ့။ ကိုယ့်အိမ်မှာ ကိုယ်အင်တာနက် ထိုင်သုံးဖို့ကတော့ တစ်လနေလောက်မှ တစ်ခါမက်ရဲတဲ့ အိပ်မက်မျိုး။ ဒီတော့ အိမ် နဲ့ အင်တာနက်ဆိုင် ကူးလူးရတော့တာပေါ့။ ကိုယ့် Stick လေးထဲမှာ ကိုယ် တင်ချင်တဲ့ ပုံလေးတွေ၊ ဖိုင်လေးတွေ ထည့်သွား၊ ဟိုရောက်ရင် ကိုယ့် ကွန်ပြူတာမှာအသုံးဝင်မယ့် Software လေးတွေ၊ ကိုယ်လေ့လာချင်တဲ့ အရာလေးတွေ Down။ နောက်ပိုင်းမှာ IDM လို Portable လေးတွေက အရမ်းအသုံးဝင်လာတယ်။ တချို့ Deep Freeze ခံထားတဲ့ ဆိုင်တို့၊ Program Install လုပ်လို့မရတဲ့ ဆိုင်တို့၊ ကိုယ်လိုချင်တဲ့ Program မရှိတဲ့ဆိုင်တို့ မှာထိုင်မိရင် ကိုယ့် Stick ထဲမှာ ပါလာတဲ့ Portable လေးတွေကို အဆင်သင့် Run ပြီးသုံးရုံပဲ။

နောက်တော့ စဉ်းစားမိတယ်။ ကိုယ့် Stick လေးထဲမှာပဲ အိတ်ဆောင် PC လေးတစ်လုံးလို Software လေးတွေထည့်သွားရင် မကောင်းဘူးလားလို့။ ကိုယ့်မှာ ကိုယ်ပိုင် PC ရှိရှိမရှိရှိ၊ ကိုယ့် PC မှာ အင်တာနက်ချိတ်ချိတ် မချိတ်ချိတ်၊ သူများ PC ဘယ် PC မှာသုံးသုံး၊  ကြားချိန်တစ်ချိန်ချိန်မှာ အချက်အလက်တွေကို လုံလုံခြုံခြုံနဲ့ အသင့်သုံး Program လေးတွေနဲ့ အိတ်ဆောင် Portable Computer လေးတစ်လုံးလို USB Stick တစ်ခုကို သုံးလို့ရမယ်ဆိုရင် အတိုင်းထက်အလွန် ဖြစ်မှာပဲလို့ တွေးမိတယ်။ (ခုချိန်မှာတော့ Tablet တွေ၊ Smartphone တွေက အဲ့ဒီ တာဝန်တွေကို ထမ်းဆောင်နေပါပြီ။ ခု Portable အကြောင်းကတော့ ကျွန်တော်တို့နဲ့ Familiar ဖြစ်ခဲ့တဲ့  PC တွေမှာ လိုသလို အသုံးချရင် အသုံးဝင်နိုင်လောက်မယ့် အရာအဖြစ် Sharing လုပ်ရခြင်းဖြစ်ပါတယ်။)

Internet ထဲမှာ ရှာဖွေမွှေနှောက်ကြည့်တော့ USB Flash Drive (Stick) ထဲကနေတင် Run ပြီးသုံးလို့ ရတဲ့ Windows တစ်ခုလုံး Stick ထဲ Install လုပ်နည်းတွေရော၊ Ubuntu တို့လို USB အသင့်သုံး Linux Distribution တွေရော တွေ့ခဲ့ရတယ်။ စမ်းကြည့်တော့ အတော်များများက Boot-loader မှာ နည်းနည်းရွေးပေးပြီးမှ အဆင်ပြေပြေသုံးနိုင်မယ့်ပုံမျိုး။ ကျွန်တော်လိုချင်တာက တကယ့် Portable လေးလို အလွယ်တကူနဲ့ အဆင်ချောချော သုံးချင်တာ။ သုံးတဲ့ Program လေးတွေကလည်း တကယ့် Familiar ဖြစ်နိုင်တဲ့ အရာလေးတွေကို သုံးချင်တာ။ ဒါနဲ့ပဲ ကျွန်တော် ခုပြောမယ့် Platform လေးကို သဘောကျ နှစ်ခြိုက် စွဲလမ်းစွာ အသုံးပြုမိခဲ့ပါတော့တယ်။ အထူးသဖြင့် ဒီပို့စ်လေးက ကျွန်တော့်လို Computer နဲ့ Internet စတင်အသုံးပြုခဲ့စဉ်က Data လေးတွေ ၊ Software လေးတွေ စုချင်၊ သိမ်းချင်ပြီး ကျွန်တော့်လို ကိုယ်ပိုင် ကွန်ပြူတာမရှိ၊ ရှိသော်လည်း အင်တာနက်မချိတ်ထား၊ အင်တာနက်ချိတ်ထားသော်လည်း ဟိုသည်ဒီသည် မသယ်နိုင်၊ စသည် စသော သူများအတွက် USB Stick တစ်ချောင်း ရှိရုံနဲ့ အတော်အတန် ပြည့်စုံမှုရနိုင်တဲ့ Platform လေးတစ်ခုကို Sharing လုပ်ရခြင်းဖြစ်ပါတယ်။ အမှားတစုံတရာ တွေ့ခဲ့ရင်လည်း စေတနာအမှားမို့ မေတ္တာတရားနဲ့ ဝေဖန်ထောက်ပြပေးခဲ့ကြပါ။ (ခုကတည်းက မှားနေရင် အဆဲမခံရအောင် ကြိုပြီး ချည်ထားတာ ဟဲ ဟဲ)

ကျွန်တော် စမ်းထားတဲ့ Items တွေက -
- 4 Gigabyte USB Flash Drive (Format ချစရာမလိုပါ)
- Windows 7 (အဲ့ဒီမှာ run ထားတာပါ)
- PortableApps Platform (အဓိက အသုံးပြုမယ့် Platform ပါ)

အဲ့ဒီ PortableApps Software လေးက ရိုးရိုး Program တစ်ခု Install လုပ်သလို၊ USB Stick ထဲ Install လုပ်သုံးရုံပါပဲ။ အဲ့ဒီလိုသုံးလို့ အရင်သွင်းထားတဲ့ Data တွေကို ထိခိုက်မှုမရှိပါ။ (အဲ့ဒီ Portable အတွက် နေရာလွတ် လေးတော့ ရှိပါစေပေါ့နော :) ) သူတို့ ပေးထားတဲ့ Open Source Applications(Program) တွေအပြင် ကိုယ့်ဘာသာ ကိုယ်ရှာထားတဲ့ Portable Softwares လေးတွေနဲ့လည်း အဆင်ပြေပြေ တွဲဖက်အသုံးပြုနိုင်ပါတယ်။ ကဲ အိတ်ဆောင်ကွန်ပြူတာ (Portable Personal Computer) လေးတစ်လုံးကို စတင် တည်ဆောက်လိုက်ကြရအောင်ဗျာ . . . ။

မရှိမဖြစ် ရှိရမယ့်အရာ

ဖြုတ်လိုက်၊ တပ်လိုက် နဲ့ Portable လုပ်မှာပါဆိုကာမှ USB Flash Drive (ခေါ်) USB Stick (ခေါ်) Memory Stick ပေါ့ဗျနော :)။ ကျွန်တော်ကတော့ 4 G သုံးထားတယ်။ စသုံးမည့်သူများကတော့ သဘောရှိ မနောအိ ပေါ့။ 1G နဲ့စလည်း ရပါတယ်။

ဆွဲ ဆရာရေ့ ... ဆွဲ
ပထမဦးဆုံး Internet ချိတ်ထားတဲ့ Computer တစ်လုံးရှေ့မှာ ရှိနေရပါမယ်။(ဟာဂျာ ခညားကြီးကလည်း ဒီစာတွေဖတ်နေကတည်းက Internet ရတဲ့ ကွန်ကြူတာ ရှေ့မှာပေါ့ဂျ။ လျှာရှည်ထှာ ဂျာ :))
ဒါဆိုရင် ဒီ Link လေးကို ၀င်လိုက်ပါ။
http://portableapps.com/download

ပုံမှာ အနီအ၀ိုင်းကြီး ပြထားတဲ့အတိုင်း နှိပ်ပြီး Download ဆွဲလိုက်ပါ။(Version Update ဖြစ်နေရင်လည်း အဆင်ပြေအောင်လို့ မူရင်း Download Link ပဲတင်ပေးလိုက်ရပါတယ်)
Download ဆွဲလို့ရလာတဲ့ ဖိုင်လေးကို ဒီလိုလေးတွေ့ရပါမယ်။


Install လုပ်မယ်
အရင်ဆုံး ကိုယ်အသုံးပြုမယ့် USB Stick ကို ကွန်ပြူတာနဲ့ ချိတ်လိုက်ပါ။ Down လို့ရလာတဲ့  PortableApps.com_Platform_Setup_ _ ကို Double Click နှိပ်လိုက်ပါ။ ပြီးရင် ထုံးစံအတိုင်း Next တို့ Agree တို့နှိပ်ပြီး Step by Step လုပ်ဆောင်သွားပါ။




ကိုယ် Install လုပ်မယ့် Distenation Folder ရွေးခိုင်းရင် ပုံမှာ ၀ိုင်းပြထားတဲ့အတိုင်း Browse ကိုနှိပ်ပြီး မိမိ USB Stick ရှိတဲ့နေရာကိုရွေးပေးလိုက်ပါ။ များသေားအားဖြင့် F နဲ့ G ဆိုတဲ့ Drive Letter တစ်ခုခုဖြစ်နေတတ်ပါတယ်။ ကိုယ့် Stick ကို နာမည်တစ်ခုခုပေးထားရင်လည်း အလွယ်တကူ ရှာတွေ့နိုင်ပါတယ်။


ပုံမှာ ၀ိုင်းပြထားတဲ့အတိုင် ကိုယ်ချိတ်ထားတဲ့ Stick ကိုတွေ့ရင် ရွေးပြီး အောက်က ok ကို နှိပ်လိုက်ပါ။
ပြီးရင်  Install ကိုနှိပ်ပါ။




လွန်ရောကျွံရော ၁ မိနစ်လောက်ပဲကြာပါမယ်။
Lauch ကို အမှန်ခြစ်ပေးပြီးသားပါ။ Finish ကို နှိပ်လိုက်ရင် Install လုပ်ငန်းပြီးဆုံးပါပြီ။




ဘာတွေထည့်ရမလဲ?
အခုကျွန်တော်တို့ မြင်နေရတာက Platform သက်သက်ဆိုတော့ အထဲကို အစာသွတ်ဖို့လိုပါတယ်။ ဘာတွေထည့်ရမလဲ ဆိုတော့ ကိုယ် ဘာတွေထည့်ချင်သလဲ ဆိုတဲ့ပေါ်မှာမူတည်ပါတယ်။ note လေးတွေ ရေးချင်ရင် notepad2 လို paf.exe  လိုမျိုး Install လုပ်ဖို့လိုပါတယ်။ Word တို့၊ Excel တို့၊ PowePoint တို့ ပြင်ချင်ရင် OpenSource ဖြစ်တဲ့ LibraOffice လိုမျိုး၊ OpenOffice.org လိုမျိုးထည့်ဖို့လိုပါတယ်။ ဒါတွေက သူတို့ Platform အတွက် ပေးထားတဲ့ Applications တွေပါ။ အဲ့ဒီ Apps တွေကို ထည့်လို့ရတဲ့ နည်းလမ်း တွေကို ပြောပြချင်ပါတယ်။

ဘယ်လိုထည့်ရမလဲ?
နည်းလမ်း (၂) မျိုးရှိပါတယ်။ Platform ကနေ တိုက်ရိုက် Install လုပ်လို့ရသလို သူ့  Website ကိုသွားပြီး App ကို Download အရင်ဆွဲ ပြီးမှ Platform ထဲကို Install ပြန်လုပ်တဲ့နည်းပါ။ (နည်းလမ်း ၂ ခုလုံးက တော့ Internet Connection လိုပါတယ်။ ဟာဂျာ လုပ်ကျန်ဘီ ခညားကြီး ကျောမှလားဂျ :) )

Platform ကနေ တိုက်ရိုက် Install လုပ်တယ်ဆိုတာ
ဒီလိုဗျ။ ဒီလို။ ကိုယ့် Stick ထဲမှာ PortableApps Platform က Install လုပ်ပြီးပြီးချင်း တက်လာရင်၊ Internet လည်းချိတ်ထားတုန်းပဲဆိုရင် ပုံမှာပြထားတဲ့အတိုင်း Checking Apps. . .  ဆိုပြီး ပေါ်ပါတယ်။


ပြီးရင် Install လုပ်လို့ရတဲ့ Program Lists ကို အောက်ကပုံအတိုင်းပြလိမ့်မယ်။ အဲဒီအခါကျရင် ကိုယ်လိုချင်တဲ့ Program လေးတွေကို Check ပေးပြီး Next ကိုနှိပ် ပြီးတော့ Install ကိုနှိပ်လိုက်ရုံပါပဲ။ တစ်ခုတော့ ရှိတယ်။ Program များများ နဲ့ Program ကြီးကြီးကို Install လုပ်ရင်တော့ Connection မကောင်းရင် တော်တော်ကြာ သွားနိုင်ပါတယ်။



အဲ့ဒါက 1st run time မှာ Platform ကနေ တိုက်ရိုက်ပေါ်လာမယ့် Apps Install လုပ်ခြင်းပါ။
နောက်ပိုင်း အဲ့ဒီလို တိုက်ရိုက် Install လုပ်ချင်ရင် ပုံမှာပြထားတဲ့အတိုင်း Apps ကိုနှိပ်ပြီး Get Apps> ကနေရွေးလိုက်ရင် အပေါ်ကအဆင့်တွေအတိုင်း အကုန်လုပ်ပြီး Apps တွေကို စိတ်ကြိုက် Install လုပ်ရုံပါပဲ။


Apps တွေကို အရင်ဒေါင်းလုတ် ဆွဲမယ်
နောက်တစ်နည်းက PortableApps.com website ထဲဝင်ပါ။ Get Apps ကိုနှိပ်ပါ။
ပုံမှာပြထားတဲ့အတိုင်း Category တွေထဲက ကိုယ့်စိတ်ကြိုက် Apps ကို နှိပ်ပြီး Download ဆွဲပါ။ ကျွန်တော် Notepad2 Portable နဲ့ ဥပမာပြထားပါတယ်ခင်ဗျာ။



ရလာတဲ့ Notepad2Portable_4.2.25_English.paf ကို Double Click နှိပ်ပါ။ ထုံးစံအတိုင်း Next ကိုနှိပ်ပါ။ Destination Folder ရွေးတဲ့နေရာမှာတော့ ဒီတစ်ခါသေချာ သတိထားရပါမယ်။ ကိုယ့် Drive ရှိတဲ့နေရာအောက်ကမှ PortableApps ဆိုတဲ့ Folder ကို ရောက်အောင်ရွေးပေးရမှာပါ။ ပြီးရင်ထုံးစံအတိုင်း Install ပါ။ ဒါဆိုရင်တော့ ပုံမှာပြထားတဲ့အတိုင်း  NotePad2 Portable ကိုအောင်မြင်စွာ Install ပြုလုပ်သုံးစွဲနိုင်ပါပြီခင်ဗျာ။





Zawgyi Font ထည့်မယ်
PortableApps Platform မှာ စာစီစာရိုက် Program တွေသွင်းထားပြီး မြန်မာစာ (Zawgyi) ရိုက်ချင်ရင်တော့ Zawgyi font ကိုထည့်ရပါမယ်။ ထည့်ပုံထည့်နည်းလေးကတော့ -
အရင်ဆုံး Zawgyione.ttf ကို ဒီ Link ကနေရယူပါ။

http://www.mediafire.com/?hinnzww4ymm

ပြီးရင် ပုံမှာပြထားတဲ့အတိုင်း ကိုယ့် Stick ထဲက PortableApps\PortableApps.com\Data\ ကိုသွားပါ။
Data ရဲ့အောက်မှာ Fonts နာမည်နဲ့ new folder ဆောက်ပါ။
ပြီးလျှင် download ဆွဲထားသော Zawgyione.ttf ကို Fonts folder ထဲသို့ထည့်လိုက်ပါ။
NotePad2 Program ဖွင့်၍ font တွင် ZawgyiOne ကိုရွေးလိုက်လျှင် မြန်မာစာကို အဆင်ပြေစွာရိုက်နိုင် ဖတ်နိုင်ပါပြီ။



ဒါဆိုရင်တော့ USB Stick တစ်ခုထဲကို PortableApps Platform ရော၊ Apps ထည့်ပုံထည့်နည်းပါ အဆင်ပြေသွားပါပြီ။ Zawgyi လေးပါထည့်လိုက်တော့ Stick ထိုးလိုက်တဲ့ ဘယ်ကွန်ပြူတာမှာမဆို  အိုကေမှာဆိုပြေပါပြီ။ ကဲဒီတော့ ကျွန်တော်တို့ အချိုပေါ်သကာ နည်းနည်းဆင့်လောင်းကြည့်ရအောင်။

PortableApps.com ကမဟုတ်တဲ့ Apps တွေကို Platform ပေါ်ဘယ်လိုတင်မလဲ?
လွယ်ပါတယ်။ ကျွန်တော် IDM (Internet Download Manager) Portable App လေးနဲ့ ပြပါမယ်။ လွယ်လွယ်လေးပါ ဒီလိုလေးပါ (စိုင်စိုင်းသီဆိုနေခြင်းမဟုတ်ပါ :) )
ဦးဆုံး Portable IDM ကို ဒီ Link ကနေ ရယူပါ။

 http://uploaded.net/file/llt8077p/IDM.6.12.26.Port.rar

ရလာတဲ့ ဖိုင်ကို Extract လုပ်ပြီး အထဲက  IDMPortable.exe ကို Copy လုပ်ပါ။
ပြီးရင် ကိုယ့် Drive ထဲက PortableApps ဆိုတဲ့ Folder အောက်ကိုသွားပါ။
ကိုယ်သုံးမယ့် App ရဲ့ Name နဲ့ Folder အသစ်တစ်ခုဆောက်လိုက်ပါ။
ကျွန်တော့်မှာဆို IDM ဆိုတဲ့ Folder လေးပေါ့။
အဲ့ဒီထဲကို ခုနက Copy လုပ်ထားတဲ့ IDMPortable.exe လေးကို Paste (ကူး) လိုက်ပါ။
ပြီးရင် Platform ရဲ့ Menu>Apps ထဲက Refresh App Icon ကိုနှိပ်လိုက်ရင် ကိုယ့်ဘာသာကိုယ်ရှာထားတဲ့ Portable App လေးကို Platform နဲ့ပေါင်းစပ်သုံးစွဲနိုင်ပါပြီ။


လှတပတလေးတွေဆိုမှ အသည်းပိုစွဲ
ကိုယ့် Stick ထဲက ကိုယ့်ရဲ့ PC Platform လေးကို အလှဆင်ချင်ရင်လည်းရပါသေးတယ်။ လိုအပ်တာလေးတွေလည်း ၀င်ပြင်လို့ရပါတယ်။
Platform Menu ထဲက Option ကိုဝင်လိုက်ရင် Theme တို့ Auto run မ run တို့ ၀င်ပြင်နိုင်ပါတယ်။



Auto run တွေက တချို့ PC တွေပေါ်မှာ Antivirus Program တွေကြောင့်ပြဿနာတက်တတ်ပါတယ်။ ကျွန်တော်ကတော့ Auto run ကြီးကို ကြိုပြီးတောင် Delete လုပ်ပစ်လိုက်ပါတယ်။ ကိုယ်ဖွင့်ချင်မှ Start ကောက်နှိပ်ဖွင့်လိုက်ရင်လည်း အဆင်ပြေနေလို့ပါ။

 ကိုယ်သုံးနေတဲ့ App တွေရဲ့ရှေ့တို့ နောက်တို့မှာ Portable တွေဖြုတ်ချင်ရင်လည်းရပါတယ်။ Platform Menu ပေါ်က Option>Advanced မှာ Hide "Portable" in App Names မှာ Checked လိုက်ရင်ရပါပြီ။


ရုပ်ပုံလေးတွေထည့်မယ်
Platform ရဲ့ ညာဘက်အပေါ်ထောင့်ကို Mouse လေးရွှေ့လိုက်ရင် ပုံထည့်နိုင်တဲ့နေရာလေး ပေါ်လာပြီး ကိုယ်ကြိုက်နှစ်သစ်တဲ့ ပုံလေးတစ်ပုံပုံ ထည့်နိုင်ပါသေးတယ်။


App တစ်ခုခု ဖွင့်လိုက်တိုင်း Platform ပိတ်ပိတ်သွားလို့
စိတ်ရှုပ်မသွားပါနဲ့။ ဘယ် App ဖွင့်ဖွင့် သူ့ကိုဒီအတိုင်း ပွင့်နေစေချင်ရင်၊ ကိုယ်က သူ့ Icon ကိုနှိပ်လိုက်မှ ပျောက်သွားစေချင်ရင် Remain Visible ဆိုတဲ့ comment ကိုထည့်ပေးရပါမယ်။
ကိုယ့် Drive ထဲက PortableApps>Portableapps.com>Data ထဲကိုသွားပါ။


 PortableAppsMenu.ini ကို double click နှိပ်လိုက်ရင် Notepad နဲ့ပွင့်လာပါမယ်။


အဲ့ဒီမှာ [DisplayOptions] ရဲ့အောက်မှာ Platform ကို ပွင့်နေစေချင်ရင် RemainVisible=True ဆိုပြီးရိုက်ထည့်ရပါမယ်။ Save လုပ်ရပါမယ်။ ပြီးရင် Platform ကို ပိတ်ပြီး ပြန် Run (Restart) ပေးရပါမယ်။

မလိုချင်တော့တဲ့ Apps တွေကို Uninstall လုပ်ချင်ရင်
Platform Menu ပေါ်က App နာမည်တစ်ခုခု ပေါ်မှာ Right Click> အောက်ဆုံးက Uninstall ဆိုရင် ရပါပြီ။

Platform တစ်ခုလုံး Uninstall လုပ်ချင်ရင်
ကိုယ့် Stick ထဲက PortableApps Folder နဲ့ ဆက်စပ် File တွေကို Delete လုပ်လိုက်ရုံပါပဲ။ Format ချရင်လည်းဖြစ်တယ်၊ မချချင်လည်းဖြစ်ပါတယ်။

အားလုံးပဲ ကိုယ့်ရဲ့ Memory Stick တစ်ခုကို အကောင်းဆုံး အသုံးချနိုင်ကြပါစေ။
စည်သူအောင်
17.12.2012

1 comment:

ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်