28/03/2012

စိတ်‌ကျောင်းခြင်း


ရင်ကိုထိ‌သောရိုက်ချက်များ  ဒီ‌နေ့ ကျွန်‌တော့်ထံ အလည်မ‌ရောက်ခဲ့ကြပါ။

လေးလံ‌နေ‌သောစိတ်များသည် တစ်စက္ကန့်အတွင်း စကြဝဠာတိုက်တစ်‌သောင်းသို့ အလည်‌ရောက်ချင်‌ရောက်ပြီးဖြစ်‌နေနိုင်သည်။

လူတစ်‌ယောက်ကို စိတ်ကုန်သွားသည်ဟု ‌ပြော‌နေစဉ်အတွင်း ထိုလူအ‌ကြောင်းသာ
စိတ်ထဲရှိ‌နေ‌ကြောင်းကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်နိုင်သည်။

ပျက်ယွင်းသွား‌သောစိတ်ဖြင့် အသက်ဆက်ရှင်သန်လိုခြင်းမရှိလျှင် မည်သူ့ကိုမှ စိတ်ပျက်သည့် အ‌ကြောင်းမ‌ပြောပါနှင့်။

စိတ်မ(ပျံ့) နှံ့‌သော‌သောသူ နှင့် စိတ်(ပျံ့)နှံ့‌သောသူ နှစ်‌ယောက်ထဲမှာ တစ်‌ယောက်က‌တော့ ရူး‌နေတာ‌သေချာသည်။

မြီး‌ကောင်‌ပေါက်အရွယ်‌လေးများကို

စိတ်ကစားလွယ်သည်ဟုသမုတ်ကြလျှင် ဗိုက်ရွှဲရွှဲလူကြီးမင်းများ စိတ်ကစားလွန်းသည်ဟု ယူဆသင့်သည်။

သရုပ်‌ဆောင် ပွင့် ‌လောက်ရှိ‌သော ခန္ဓာကိုယ် ခပ်ဝဝဖြင့် စိတ်ပိန်သည်ဟု ညည်းညူလာလျှင် သိပ်အဆီအ‌ငေါ်မတည့်ပါ။

လူဆိုးကြီးတစ်‌ယောက်ကို စိတ်ဆိုးတယ် ဆိုသည့်စကားအား လက်ညှိးက‌လေးကိုက်ကာ ကနွဲ့ကလျ‌ပြောခိုင်းကြည့်ပါ။

ခဏခဏ‌ကောက်‌နေ‌သော စိတ်ပိုင်ရှင်များအတွက် ‌ခွေးမြီး‌ကောက်ကျည်‌တောက်စွပ် ဟူ‌သောစကားပုံကို လက်‌ဆောင်‌ပေးကြည့်ချင်သည်။

စိတ်ခိုင်သည့်ပုဂ္ဂိုလ်များကို ဝမ်းနှုတ်‌ဆေးတိုက်လိုက်လျှင် စိတ်ယိုင်သွားနိုင်ပါသလား။

စိတ်ကိုထိန်းခိုင်းသည့်သူများ စိတ်ကိုထိန်းနိုင်သည့်သူများအား ‌မျောက်ရွာသို့ နှစ်ညအိပ်သုံးရက်ခရီးအလည်လွှတ်သင့်သည်။

စိတ်လွတ်ကိုယ်လွတ်‌နေချင်သူများအတွက် တံတား‌လေးမှ ရွာသာကြီးသို့‌ပြောင်း‌ရွှေ့‌ပေးထားသည်။

စိတ်ချင်းဆက်သွယ်‌နေသည်ဟုယူဆ‌နေသူနှစ်ဦးအား ဖုန်းလိုင်းမမိသည့်ဆက်သွယ်မှုဧရိယာပြင်ပသို့ တစ်‌ယောက်တစ်‌နေရာဆီပို့၍ ဒီ‌နေ့မနက်စာဘာနဲ့စားလဲဟု စိတ်ဖြင့်‌မေးခိုင်းကြည့်ပါ။

စိတ်ကျခြင်းသည် ‌ရောဂါတစ်မျိုးဖြစ်သည်ဟုဆိုကြလျှင် စိတ်တက်ခြင်းကို အမြုံ့တစီစီဖြင့် ကျွန်‌တော်မြင်‌ယောင်ကြည့်မိသည်။

စိတ်တိုတတ်‌သော ‌ယောက်ျားများအား ‌အေးလာလျှင် ပိုတိုသွားလားဟု ‌မေးမိလျှင် ကျွန်‌တော့်ကို ရိုက်လွှတ်ကြမလားမသိ။

ဟိုဘက်အိမ်ကမိန်းမ စိတ်‌ဖောက်ပြန်သွားသည့်သတင်းကို ဒီဘက်အိမ်မှမိန်းမက သူ့တိတ်တိတ်ပုန်း‌နောက်‌ယောက်ျားအား (‌ဖောက်ပြန်ခြင်းအ‌ကြောင်း) အားရပါးရ‌ပြောပြ‌နေသည်။

စိတ်မကြည်ခြင်းနှင့်ကြည်ခြင်းကိုခွဲခြားရန်အတွက် အ‌မေရိကန်ဗွီးရှင်းမှာ တာဝန်မရှိပါ။

မင်းကိုငါအလုပ်မခန့်သင့်ခဲ့ဘူး ဟုရုံးလုလင်အားပြစ်တင်မာန်မဲ‌နေ‌သော လူကြီးတစ်‌ယောက်သည် အိမ်၌စိတ်အခန့်မသင့်ဖြစ်ခဲ့နိုင်သည်။

အ‌ပေါင်ဆုံးလက်မှတ်များဖြင့် ‌ဖောင်းပွ‌နေ‌သောအိတ်တစ်လုံး‌ကြောင့် စိတ်‌ပြောင်းချင်‌ပြောင်း‌နေနိုင်‌သောလူတစ်‌ယောက်ကို မင်းကအိတ်‌ဖောင်းလို့စိတ်‌ပြောင်းသွားတာလားဟု သွားမစမိပါ‌စေနှင့်။

စိတ်တင်းကြပ်‌နေ‌သောသူကို ‌နောက်ကား‌စောင့်ခိုင်းလိုက်ပါ။

စိတ်ဖိစီး‌နေသည့်သူကို‌တော့ အထူးကား သို့မဟုတ် တက္ကစီ‌ပြောင်းစီးခိုင်းလိုက်ပါ။

အထက်ပါစာစုများကို စိတ်လိုလက်ရ‌ရေး‌နေသည့် ကျွန်‌တော့်ကို‌တော့ဖြင့် စိတ်အချဉ်‌ပေါက်‌နေ‌သော သူတစ်‌ယောက်အဖြစ်ခွင့်လွှတ်‌ပေးခဲ့ကြပါ။

အဘယ်‌ကြောင့်ဆို‌သော် . . .

ရင်ကိုထိ‌သောရိုက်ချက်များ  ဒီ‌နေ့ ကျွန်‌တော့်ထံ အလည်မ‌ရောက်ခဲ့ကြပါ။         ။

No comments:

Post a Comment

ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်