03/01/2012

Ubuntu11.10 စတင်သုံးဖို့ကျွန်‌တော်‌ဖြေရှင်းခဲ့ရ‌သောပြဿနာများ



 ဘာလဲဟင် Linux

ကျွန်‌တော် Linux ဆိုတဲ့နာမည်ကို ကြားဖူးခဲ့တာလွန်ခဲ့တဲ့ သုံးနှစ်ခန့်‌လောက်ကပါ။ မှတ်မှတ်ရရဆိုရရင် ရန်ကုန်က‌နေ မြိတ်ကိုသ‌င်္ဘောစီးပြီး ပြန်လာစဉ်ကဖြစ်ပါတယ်။ဒီလို‌ပြောလိုက်လို့ သ‌င်္ဘောပေါ်မှာ Linus Torvalds ကြီးနဲ့များဆုံခဲ့‌လေသလားဟုသို့‌လောသို့‌လော ဖြစ်မသွားကြပါနဲ့ဦး။ :) ဆုံခဲ့ရတာက သ‌င်္ဘောဆရာဝန်တစ်ဦးနဲ့ပါ။ ကျွန်‌တော်တို့ဘွဲ့ယူပြီးပြန်လာ‌တော့ အဲဒီဆရာဝန်ရဲ့ အကူအညီနဲ့ ဆေးရုံခန်း‌လေးမှာ‌နေရာထိုင်ခင်းရပါတယ်။ သူကလည်း IT အ‌ကြောင်းစိတ်ဝင်စားတဲ့ အသက်၅၀‌ကျော် ဆရာဝန်တစ်ဦးဖြစ်‌နေတာ‌ကြောင့်စကား‌တွေ‌ပြောဖြစ်ကြတယ်။ သူ့သားကခု Linux ကို‌လေ့လာ‌နေတဲ့အ‌ကြောင်း၊ Server ‌တွေအတွက် Linux ဟာဘယ်‌လောက်‌ကောင်း‌ကြောင်း၊

‌နောင်တစ်ချိန် Pirate သုံး‌နေရတဲ့ Windows ‌နေရာမှာအစားထိုးနိုင်တဲ့ Operating System ဖြစ်လာနိုင်‌ကြောင်း ကျွန်‌တော့်ကို Lecture ရိုက်‌နေပါ‌တော့တယ်။ ကျွန်‌တော်လည်းIT က ကိုယ့် Professional မဟုတ်‌ပေမယ့် End User ပုံစံမျိုးအ‌နေနဲ့‌တော့ စိတ်ဝင်တစားရှိတဲ့သူဆို‌တော့ အဲဒီ Linux ဆိုတာကြီးကိုအမြီး၊‌ခေါင်းဘယ်မှာမှန်း‌တောင်မသိပဲအသံကြားရုံနဲ့ရင်းနှီးချင်ခဲ့မိပါတယ်။
‌တွေ့ပြီ‌တွေ့ပြီ သူပဲသူပဲ
မြိတ်ပြန်‌ရောက်‌တော့ ‌မွှေ‌နေကျ Software CD ဆိုင်‌လေးကိုသွားပြီး‌မေးကြည့်‌တော့ Linux က မူကွဲ‌တွေများ‌ကြောင်း၊ ဆိုင်မှာက‌တော့ Ubuntu 7.10သာရှိ‌ကြောင်း ‌ပြောပြပါတယ်။ ကျွန်‌တော့်မှာကလိချင်းတိုင်းကလိဖို့ dual core acer notebook ‌လေးကလည်းပူပူ‌နွေး‌နွေးရကာစဆို‌တော့ အဲဒီဦဘွန်တု (ဦးဘုန်း-ဓာတုမဟုတ်ပါ :) )ဆိုတာကြီးကိုအိမ်ကိုပင့်ခဲ့ပါ‌တော့တယ်။ ကိုယ်တိုင်ကလည်း XP ‌လောက်သာတင်တတ်သူဆို‌တော့ ဘာကို Install လုပ်လို့ ဘယ်လိုသုံးရမယ်မှန်းနကန်းတစ်လုံးမှမသိနားမလည်ခဲ့ဘူး။ ကွန်ပြူတာနည်းနည်းစိတ်ဝင်စားတဲ့ သူငယ်ချင်း‌တွေကို‌မေးကြည့်‌တော့လည်း ‘ဘာလဲဟင် Linux’ လို့ဆိုလာသူ‌တွေကများ‌နေတယ်။ အဲဒီ‌တော့ CD ကြီးကိုဒီအတိုင်းခဏထားပြီးဆရာ့ဆရာကြီး Internet ဆီမှာ ဝင်‌ရောက်‌မေးမြန်း‌ဖွေရှာရပါ‌တော့တယ်။
ကံ‌ကောင်း‌ထောက်မစွာနဲ့ မြန်မာလို‌ရေးထားတဲ့ Linux OS E-book ‌လေးရလိုက်ပါတယ်။ ‌ရေးသူက Major Toe Aungပါ။ ‌ရေငတ်တုန်း‌ရေတွင်းထဲကျသွားတာ‌တော်‌တော်‌လေးကို‌ရေမွှန်းသွားခဲ့ပါတယ်။ :) ဆရာ Major Toe Aungရဲ့‌ကျေးဇူးနဲ့ လင်းနပ်စ်အ‌ကြောင်းကိုသိကျွမ်းရင်းနှီးခွင့်ရခဲ့ပါတယ်။ အဲဒီမှာ Red Hat ကို Install လုပ်ပုံပြထား‌တော့ အိမ်ကိုပင့်လာတဲ့ Ubuntu 7.10 ကိုလည်း ကျွန်‌တော့် Notebook ‌လေးထဲမှာ Windows XP နဲ့ နှစ်ပါးသွားခွင့်ရ‌စေခဲ့တယ်။ သို့‌သော်ငြားလည်း‌ပေါ့‌လေဘုန်းကြီးလူထွက် မိန်းမ‌ချော‌ချော‌လေးရကာစလိုဘာက‌နေဘယ်လို စ ကိုင်တွယ်ရမလဲဆိုတာမသိခဲ့ရိုးအမှန်ဖြစ်ခဲ့ရပါတယ်။

‌ဝေးခဲ့ပြီ ပန်းခရမ်းပြာ

Poly clinic တစ်ခုမှာအလုပ်ဝင်ပြီး‌နောက်ပိုင်းဆက်‌လေ့လာဖို့အချိန်မ‌ပေးနိုင်တာရယ်၊ Command ‌တွေနဲ့မရင်းနှီးတာရယ်၊ အသံဖိုင်ဖွင့်အသံမလာ၊ ဗွီဒီယိုဖိုင်ဖွင့် ဘာမှ‌ပေါ်မလာတာ‌တွေရယ်၊ မြန်မာစာလည်းမထည့်တတ်၊ Application ‌တွေကိုလည်းဘယ်လိုDownလို့ ဘယ်လိုထည့်ရမလဲဆိုတာ‌တွေ သင်‌ပေးမယ့်သူ/အရာ‌တွေမရှိတာရယ်၊ ခု Facebook မှာလိုခု‌မေးခု‌ဖြေ‌ပေးနိုင်မယ့် IT မိတ်‌ဆွေ‌တွေမရှိတာရယ် ဆိုတဲ့အ‌ကြောင်းအမျိုးမျိုး‌တွေ‌ကြောင့် Windows Vista တင်လိုက်လို့ Boot Loader ‌တွေက‌မောက်ကမဖြစ်ပြီး Ubuntu 7.10 မတက်နိုင်‌တော့တဲ့အချိန်ကစပြီးခင်မင်ခဲ့ရတဲ့ Linux ကြီးနဲ့ ‘‌ဝေးခဲ့ပြီပန်းခရမ်းပြာ‌ရေ’ ဖြစ်ခဲ့ရပါ‌တော့တယ်။ :)

ကောက်ရိုး‌လေးနှစ်မျှင်

‌ရေစက်မကုန်လို့ပြန်ဆုံခွင့်ရတယ်လို့ပဲ‌ပြောရမလား။ 2010 တစ်နှစ်လုံးသူ့အ‌ကြောင်းသိပ်မ‌တွေးဖြစ်ခဲ့ပဲ 2011 ကုန်ခါနီးမှ Ubuntu Myanmar LoCo Team က ကိုကိုရဲရဲ့ အင်တာဗျူး‌လေးပြန်ဖတ်လိုက်ရ‌တော့ ပိုးကပြန်ကြွလာတယ်။ ဒါ‌ပေမယ့် အခက်အခဲ‌တွေ‌တွေ့ထားရ‌တော့ သိပ်‌တော့ပြန်မသုံးချင်‌သေးဘူး။ ဒီအတိုင်း‌လေးပဲ Facebook မှာ Ubuntu Loco Team group မှာ Member ဝင်ထားလိုက်တယ်။ တစ်‌နေ့ ကျွန်‌တော်တို့မြို့က စာအုပ်ဆိုင်‌လေးမှာစာအုပ်‌တွေ‌လျှောက်ကြည့်‌နေတုန်း ဗြုန်းကနဲဆိုစာအုပ်မည်းမည်းကြီးသွား‌တွေ့လိုက် တယ်။ :) ဆရာ‌ဇော်လင်း(Youth) ‌ရေးတဲ့ Learning Linux 3 in 1 တဲ့။ အဲဒါနဲ့ပဲ Ubuntu ကိုပြန်တင်ပြန်စမ်းလုပ်မိ‌တော့တယ်။ ကိုကိုရဲနဲ့ ဆရာ‌ဇော်လင်းတို့က‌တော့ ကျွန်‌တော့်အတွက် Linux နဲ့ပတ်သက်လာရင် ‌ကောက်ရိုး‌လေးနှစ်မျှင်လို့ပဲတင်စားပါရ‌စေ‌တော့ခင်ဗျာ။ :)

ကျွန်‌တော့်ကိုလာရှာ‌သော ပြဿနာများ

ခုကျွန်‌တော်‌အောက်မှာ‌ရေး‌တော့မယ့်အ‌ကြောင်းအရာ‌တွေက ကျွန်‌တော် Ubuntu တင်ဖို့၊ တင်စဉ် နှင့် တင်ပြီး‌တွေ့ရတဲ့ အခက်အခဲ‌လေး‌တွေ အ‌ကြောင်းပါ။ကူညီ‌ဖြေရှင်း‌ပေးခဲ့သူ‌တွေက Internet ကြီးရယ်၊ Ubuntu Myanmar LoCo Team က ကိုယ်ကျိုးမပါပဲပညာရပ်‌တွေကို Sharing လုပ်‌ပေး‌နေတဲ့ မိတ်‌ဆွေ၊ညီ၊အစ်ကို‌တွေပါ။ သူတို့အားလုံးကိုအထူးပဲ‌ကျေးဇူးတင်‌နေမိပါတယ်။ ‌မေးစရာ‌တွေ သင်ယူစရာ‌တွေလည်းအများကြီးမို့ စိတ်ရှည်သည်းခံကာကူညီသင်ပြ‌ပေးပါဦးလို့ ဒီ‌နေရာက‌နေ‌တောင်းဆိုချင်ပါတယ်။ ကျွန်‌တော်ကနယ်မြို့‌လေးကဆို‌တော့ Loco Team ကသင်‌ပေးတဲ့ အခမဲ့သင်တန်း‌တွေကိုတက်ချင်‌ပေမယ့် အခွင့်မသာ‌သေးပါ။ Ubuntu ဒီထက်မက ပြန့်ပွား‌အောင် Loco Team က မြိတ် Branch အ‌နေနဲ့ တာဝန်‌ပေးလာမယ်ဆိုရင်လည်း ဝမ်း‌မြောက်ဝမ်းသာထမ်း‌ဆောင်ဖို့အသင့်ပါ။(အမယ် နိုင်ငံ့ဝန်ထမ်းအသံလိုလို ဘာလိုလိုနဲ့ :) )

နံပါတ်မှာ ၁

Latest ကိုမှသုံးချင်တတ်တဲ့ လူ့သဘာဝမို့ ကျွန်‌တော်လည်းတင်မယ့်တင် Ubuntu ‌နောက်ဆုံး Version ကိုပဲတင်သုံးချင်ခဲ့မိတယ်။ အဲဒါနဲ့ ဆိုင်ကိုသွား‌မေး‌တော့ 11.04 LTSကိုသွား‌တွေ့တယ်။ တင်ပုံတင်နည်းဖတ်ထားတာက 11.10 ဆို‌တော့ Site (http://www.ubuntu.com/download/ubuntu/download) က‌နေပဲ Down ဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒါနဲ့ Stick ထဲကို Portable IDM ‌လေးထည့်၊ မနက်‌စော‌စောဇွဲ‌ကောင်း‌ကောင်းနဲ့ထ၊ Internet ဆိုင်‌လေးကိုသွား၊ Ubuntu Site ထဲကိုဝင် ဆိုင်ထဲမှာဘယ်သူမှမသုံးရ‌သေးတဲ့အချိန် ဝင်ဆွဲပါ‌တော့တယ်။(Download ကို‌ပြောတာ‌နော် :) ) 695 MB ကိုဆွဲတာမနက် ၉ နာရီမ‌ကျော်ခင်ထိ‌တော့ ဟုတ်တုတ်တုတ်။ ၉ နာရီလည်း‌ကျော်‌ရော Connection ကဇာတိပြလာတယ်။ ‌နောက်ဆုံး ၄နာရီ သာသာ‌လောက် စိတ်ရှည်ရှည်း‌လေးဆွဲမှ ISOဖိုင်‌လေးရလာတယ်။ ဝမ်းသာအားရနဲ့ အိမ်ပြန်လာပြီး Burn ‌တော့ UltraISOနဲ့ CD တစ်ချပ်ကုန်တယ်။ Boot မတက်လာဘူး။ Ashampooနဲ့ Burn တယ်၊ သွားတယ်၊‌နောက်တစ်ချပ် Boot တက်မလာဘူး။ Bootable ဖိုင်‌တွေများ Error ဖြစ်‌နေသလားလို့ ဒီအတိုင်း Windows မှာဖွင့်ပြီးWubiကို Double Click လုပ်‌တော့လည်းဘာမှပွင့်မလားဘူး။ ‌နောက်‌တော့ မဆီမဆိုင် ထင်ရာစိုင်းပြီးISOကို‌ဖြေ မူရင်းWubi‌နေရာမှာသပ်သပ်ထပ်ဆွဲလာတဲ့ Wubi‌လေးကိုထည့် ပြန်ချုံ့ ပြန်Write ပြန်ထည့်။ သုံးချပ်‌မြောက်သာကုန်သွားတယ်။ ဘာမှလည်းဖြစ်မလာဘူး။ စိတ်ဓာတ်လည်းအကျကြီးကျ‌နေပြီ။အဲဒါနဲ့ မူရင်း Ubuntu Site က CD က‌နေ Install လုပ်တဲ့Instruction‌လေး Web Page အ‌နေနဲ့ သိမ်းလာတာ‌လေး ပြန်ဖွင့်ကြည့်‌တော့ သွား‌တွေ့တယ်။ Windows Disk Image Burner ကိုသုံးပါတဲ့။ သုံးလိုက်မှ အ‌ဖြေသွား‌တွေ့တယ်။ISO က burn လို့ရတဲ့အ‌နေအထားမှာမရှိပါဘူးတဲ့။(ကျွန်‌တော်လည်းအလွတ်မရ‌တော့ ဒီအတိုင်းရမ်းတုတ်ကြည့်လိုက်တာ။ အဲဒီတုန်းကဖိုင်က လုံးဝဖျက်ပစ်လိုက်‌တော့ Capture ပြန်လုပ်ပြလို့မရဖြစ်သွားတယ်။ :) ) အဲဒါနဲ့ပဲ ၄ နာရီ‌ကျော်‌ကျော် အပင်ပန်းခံဆွဲခဲ့ရတဲ့ ဖိုင်ကြီးဟာ Corrupt ဖြစ်‌နေပါပ‌ကောလို့ ရင်ထုမနာဖြစ်ခဲ့ရ‌ကြောင်းပါ။

‌နောက်တစ်ရက်ကျ‌တော့ လည်သွားပြီ။ အိမ်ကစက်ကိုဆိုင်ယူသွားလိုက်တယ်။(ဆိုင်ကစက်‌တွေမှာက Deep Freeze ခံထား‌တော့ နှစ်ကြိမ်‌လောက်‌တောင်ခွဲ Down ဖို့အဆင်မ‌ပြေဘူး) ကိုယ့်စက်နဲ့ကိုယ်ဆို‌တော့ နှစ်ရက်‌လောက်ခွဲဆွဲလိုက်‌တော့ ISO ဖိုင်‌လေးထပ်ရလာတယ်။ ဒီတစ်ခါ‌တော့ မနုံ‌တော့ဘူး။ ဘာမှအ‌ကြောင်းမပြန်  Burn ဖို့ပဲသိတဲ့ Ultra ISO နဲ့ Ashampooတို့ကိုမသုံး‌တော့ဘူး။ :) Windows Disk Image Burner နဲ့တန်း Burn ‌တော့ ‌အောက်ကပုံ‌လေးအတိုင်းအို‌ကေသွားတယ်။ ဒါ Ubuntu 11.10 နဲ့ပတ်သက်ပြီး ကျွန်‌တော် စ စချင်းကြုံရတဲ့အခက်အခဲပါပဲ။





Install လုပ်လို့ရသွားပြီ

CD က‌နေ Install လုပ်ဖို့အတွက် Instruction ကိုကိုရဲ‌အောင်သူ‌ရေးတဲ့ Pdf ‌လေး ဒီက (http://yeaungthu.u4mm.com/files/2010/11/Doc1.pdf) ‌နေယူပါတယ်။ ကျွန်‌တော် Installation လုပ်စဉ်ကအဆင်‌ပြေတဲ့အတွက် တင်ခဲ့ပုံကိုအဆင့်ဆင့်ပြန်မ‌ရေး‌တော့ပါ။ ကိုရဲ‌အောင်သူ‌ရေးထားတဲ့ pdfကို Download ယူပြီးလုပ်နိုင်ပါတယ်။
ကျွန်‌တော်က‌တော့ Wubiမသုံးပဲ Partition သပ်သပ်ခွဲပြီး Dual Boot တင်ပါတယ်။ ကျွန်‌တော့် Notebook ‌လေးမှာခုဆို Partition ‌လေးခုပိုင်းထားပါတယ်။ ဂိမ်းချည်းထည့်ထားတဲ့ Windows XP Lite version ရယ်၊ ‌ထွေလီကာလီသုံးတဲ့ Windows 7 pirate ကြီးရယ် (သူ့‌ကျေးဇူးကလည်းအများကြီး :)) သ‌ဘောကျလွန်းလှတဲ့‌ဟောဒီ Ubuntu 11.10 ရယ် :) Data ‌တွေထားတဲ့‌နေရာရယ် ဆိုပြီးပိုင်းထားတာပါ။ တင်လို့ပြီးသွား‌တော့ ဆရာ‌ဇော်လင်း(Youth) ရဲ့စာအုပ်ထဲကအတိုင်းZawgyi Font ကို Install လုပ်ပါတယ်။ Font သွင်းတာလည်း‌တော်‌တော်များများ‌ရေးထားတာရှိ‌တော့ အခက်အခဲမရှိပဲသွင်းယူနိုင်ခဲ့လို့ ပြန်မ‌ရေး‌တော့ပါ။ http://seriousblaze.u4mm.com/?p=345  မှာZawgyiနဲ့ Myanmar 3 အလွယ်‌ပြောင်းနည်းကိုလည်းဖတ်ရှုခဲ့ပါတယ်။



နံပါတ်မှာ ၂

ကျွန်‌တော်ဒုတိယကြုံရတဲ့အခက်အခဲက Connection ချိတ်ဆက်လို့မရတဲ့ ပြဿနာပါ။ ကျွန်‌တော် Youtubeက‌နေ Ubuntu 11.10 Review ‌လေး‌တွေ ‌ဒေါင်းပြီးကြည့်‌တော့ Compizအစွမ်းအံ့မခန်းဆိုတာကိုသွား‌တွေ့တယ်။ လှမှလှ၊ Good မှ Good. အဲဒါနဲ့ Compiz Configure Settings Manager ကို Offline Installer ‌လေး Down ပြီးတင်ကြည့်‌တော့လည်းအဆင်မ‌ပြေ။ Dependencies not satisfactory လို့ပြလို့ ‌လျှောက်ရှာဖတ်ကြည့်‌တော့ Software ‌တွေကို Internet နဲ့တိုက်ရိုက် ချိတ်ဆက်ပြီး Install လုပ်တာပို‌ကောင်းတယ်ဆိုပြီးသွား‌တွေ့တယ်။ ဒီ‌တော့ Notebookကိုအိတ်ကြီးထဲထည့်၊ ဆိုင်ကြီးကို‌ပြေး၊ Compiz ကြီးကိုသွင်း‌တော့မယ်ဟဲ့လို့ ဝမ်းသာအားရနဲ့ Network ကြိုးကိုချိတ် ပရုတ်ဆီ‌တွေလိမ်း (အဲ‌လေ Proxy ‌တွေထည့်) Network လည်း Connect ဖြစ်‌ရော‌အောက်ကပုံကြီးကို‌တွေ့ရပါ‌လေ‌ရော။
အဲဒါ‌လေးကို Screen Shot ‌လေးဖမ်းပြီး (‌တော်‌သေးတယ် Screen Shot က build in ပါလာလို့။နို့မို့ဆိုဖုန်းCameraနဲ့ ထုတ်ရိုက်ရမှ တကယ့် Screen Shot ဖြစ်‌နေဦးမယ် :) ) ကယ်တင်ရှင်များရှိရာ Facebook ‌ပေါ်က Ubuntu Myanmar LoCo Team group ထဲမှာသွားတင်ထားပါ‌တော့တယ်။ ညီအစ်ကိုမိတ်‌ဆွေ‌တွေကို‌ကျေးဇူးတင်‌ကြောင်းထပ်‌ပြောလိုပါတယ်။ သူတို့‌ဖြေရှင်း‌ပေးခဲ့ပါတယ်။ Network Setting ကိုသွားပြီးနည်းနည်းပြင်လိုက်ပြီး Apply System Wide လုပ်လိုက်‌တော့ Network အတွက်အို‌ကေသွားပြန်ပါတယ်။


နံပါတ်မှာ ၃

Network connect အဆင်‌ပြေသွား‌တော့ Compizကို Terminal က‌နေသွင်းဖို့ကြိုးစားပါတယ်။

sudo apt-get update

sudo apt-get -y install compiz compizconfig-setting-manager compiz-plugins

ဆိုတဲ့ command နှစ်ခုနဲ့ပါ။ အဆင်မ‌ပြေပါ။ Ubuntu Software Centre က‌နေ ကြိုးစားပါတယ်။ Updating Caching

အကြာကြီးလုပ်လုပ်ပြီးမှ ပြန်ပြုတ်ကျသွားပါတယ်။ ကျွန်‌တော်လည်း ကြည့်ခဲ့ဖူးတဲ့ Review ‌တွေထဲကလို Desktop ကို Cube လိုလှည့်ချင်လှပါပြီ။ Wobbling effect ‌လေး‌တွေခံစားချင်လှပါပြီ။ ဒါ‌ပေမယ့် ခုထိcompizconfigကို Install လုပ်လို့မရ‌သေးပါ။ ကျွန်‌တော်ကြံမိကြံရာထပ်ကြံပါ‌တော့တယ်။ ရှာရင်း‌ဖွေရင်း www.packages.ubuntu.com မှာcompizconfigကိုသွား‌တွေ့ပါတယ်။ dependencies (လို့ထင်ပါတယ်) ‌လေးခု‌တွေ့ပါတယ်။ကျွန်‌တော်အားလုံး‌ဒေါင်းပါတယ်။ local folder မှာပဲသိမ်းထားပါတယ်။ .deb ဖိုင်များရလာပါတယ်။ download page အ‌ပေါ်ဆုံးမှာဖတ်ကြည့်‌တော့ ကျွန်‌တော်တို့ Ubuntu ရဲ့ Software Source မှာကိုယ်ဆွဲတဲ့ Site ရဲ့ Mirror ကိုထည့်ခိုင်းပါတယ်။ကျွန်‌တော်လည်း‌အောက်ကပုံ‌တွေမှပြထားတဲ့အတိုင်း Other Software မှာ Add ကိုနှိပ်ပြီး Mirror ကိုထည့်ပါတယ်။ Server ‌နေရာမှာခုနကထည့်ခဲ့တဲ့ Mirror(url) ကိုပြန်‌ရွေးလိုက်ပါတယ်။ Root password ‌တောင်းရင် ရိုက်ထည့်လိုက်ပြီး ok လိုက်ပါတယ်။ ပြီး‌တော့ .deb ဖိုင်‌တွေကို double click နှိပ်ပြီး install လုပ်ပါတယ်။ ကျွန်‌တော်က‌တော့ dependencies ‌တွေကိုအရင် installပြီးမှ compizကိုလုပ်တာပါ။ Software Center ထဲကို‌ရောက်‌ရောက်သွားပြီး‌နောက်ဆုံးမှာ‌အောင်မြင်စွာ Install လုပ်နိုင်ခဲ့ပါတယ်။ဒါကျွန်‌တော်သုံးခဲ့တဲ့ နည်းပါ။ ဒီထက်ပိုလွယ်ကူလျှင်မြန်တဲ့နည်းလမ်းရှိမှာပါ။ ကျွန်‌တော့်ကို comment ‌လေးနဲ့ဖြစ်ဖြစ် share ‌ပေးခဲ့ကြပါလို့ အကူအညီ‌တောင်းချင်ပါ တယ်။ ဒါမှမဟုတ် ကျွန်‌တော့် Network proxy မှာထပ်ပြင်ဆင်ဖို့လိုအပ်လို့များsudo apt-get update က‌သေ‌သေချာချာအလုပ်မလုပ်နိုင်တာများလားလို့ပါ။ ကြံမိကြံရာကြံပြီးလုပ်မိလုပ်ရာလုပ်လိုက်လို့ compizconfig‌ရောက်သွား‌တော့ ဘာပဲ‌ပြော‌ပြော ကျွန်‌တော်‌တော်‌တော် ‌ပျော်သွားပါတယ်။ :)

(Facebook မှာ ကို  Bone Pyae Sone အကြံဉာဏ်‌ပေးတဲ့အတိုင်း ကျွန်‌တော်တဆင့်ချင်း ပြန်တင်ထားပါတယ်။)

- www.packages.ubuntu.com ကိုဝင်လိုက်ပါတယ်။

 http://packages.ubuntu.com/oneiric/compizconfig-settings-manager မှာ

အားလုံးကို down ပါတယ်။ (size ‌သေး‌သေး‌လေး‌တွေပါ)

-  download page ထိပ်ပိုင်းမှာ ‌တွေမှာ ဒီလိုစာသား‌တွေ ‌တွေ့ရပါတယ်။

If you are running Ubuntu, it is strongly suggested to use a package manager like aptitude or synaptic to download and install packages, instead of doing so manually via this website.

You should be able to use any of the listed mirrors by adding a line to your /etc/apt/sources.list like this:

deb http://ubuntu.mirror.cambrium.nl/ubuntu/ oneiric main universe

Replacing ubuntu.mirror.cambrium.nl/ubuntu/ with the mirror in question.

ဒါ‌ကြောင့်  Software Souces ကိုဖွင့်လိုက်ပါတယ်။အရင် Server ‌တွေနဲ့က အဆင်မ‌ပြေလို့ Main Server မှာ ဒီလို‌လေး‌တွေ ‌ပြောင်းလိုက်ပါတယ်။




-  package ရဲ့ download page မှာ‌တွေ့ရတဲ့ Mirror ‌တွေအများကြီးထဲက အဆင်‌ပြေတာတစ်ခုကို ထည့်ပြီး Screen Shot တင်ထားတာပါ။



-  ခုနက down ထားတဲ့ .deb ဖိုင်‌တွေကို တစ်ခုချင်း install လုပ်ပါတယ်။ ‌နောက်ဆုံးမှာ compiz config ကို install လုပ်ပါတယ်။ internet connection ‌တော့ရှိ‌နေဖို့လိုပါမယ်။ (ကျွန်‌တော့်တုန်းက အိမ်ကို သယ်လာပြီး ခပ်တည်တည်နဲ့ install လုပ်ကြည့်တာမရခဲ့လို့ပါ။ :) )



နံပါတ်မှာ ၎

Compizcofigရသွားလို့ရတဲ့အ‌ပျော်ဟာ ကြာကြာ‌တော့မခံပါဘူး။ compizconfig setting ‌လေးတစ်ချို့ဝင်ပြင်လိုက်တာနဲ့ ‌ဘေးက Launcher Bar ကြီး‌ရော၊ အ‌ပေါ်က Panel ကြီးပါ‌ပျောက်ချင်းမလှ‌ပျောက်သွားပြီးMenu bar ‌လေးတစ်ခုတည်းကျန်ပါ‌တော့တယ်။ ဘာလုပ်ရမှန်းမသိ‌တော့ပါ။ ဒီ‌လောက်‌တောင် ဖြစ်လှတာအင်းဟာအင်းဟာဆိုပြီး‌ခြေ‌ဆောင့်ကာသာငိုချင်‌နေမိပါတယ်။ ကယ်တင်ရှင် နှစ်‌ယောက်‌တွေ့ပါတယ်။ ထုံးစံအတိုင်း ကျွန်‌တော့်အားထားရာUbuntu Myanmar Loco Team group မှာcompizconfigကို‌ဖြေရှင်း‌နေတဲ့ Facebook Video File ‌လေးတင်ထားတာကိုဆွဲယူကြည့်ရှုရပါတယ်။ ‌နောက်တစ်‌ယောက်က http://seriousblaze.u4mm.com ပါ။ သူတို့ဆီကနည်းလမ်း‌တွေ ယူပြီး Menu bar ‌လေးတစ်ခုသာ‌ပေါ်‌နေတဲ့ ကျွန်‌တော့် Ubuntu Desktop မှာဒီလို‌ဖြေရှင်းခဲ့ပါတယ်။
Ctrl+Alt+Tကို‌ခေါ်ပါတယ်။‌အောက်ကပုံ‌တွေအတိုင်း Command ရိုက်ထည့်လိုက်ပါတယ်။


ဒီလိုနဲ့ ကျွန်‌တော့်စက်မှာcompiz ‌လေးအဆင်‌ပြေ‌ပြေပြန်သုံးနိုင်ခဲ့ပါတယ်ခင်ဗျာ။

ဝန်ခံချက် သို့မဟုတ် ခံဝန်ချက်

ကျွန်‌တော်ထပ်မံဝန်ခံပါ့မယ်။ ကျွန်‌တော် IT professional တစ်‌ယောက်မဟုတ်ပါ။ ဒါ‌ကြောင့် ကျွန်‌တော်‌ရေးတဲ့အထဲမှာအမှားအယွင်း‌တွေ အများကြီးပါနိုင်ပါတယ်။ ဝိုင်းဝန်းကူညီ‌ဝေဖန်‌ထောက်ပြ‌ပေးကြပါ။ Ubuntu နဲ့ပတ်သက်ပြီး ကျွန်‌တော် ကြုံရတဲ့အခက်အခဲများကို ကျွန်‌တော့်လို စတင်ဝါသနာပါတဲ့သူ‌တွေအတွက် Sharing လုပ်ခြင်းပါခင်ဗျာ။ ကျွန်‌တော်လည်းအများကြီး‌မေးစရာ‌တွေကျန်ပါ‌သေးတယ်။ အခက်အခဲ‌တွေအများကြီး‌တွေ့‌နေရပါ‌သေးတယ်။ Ubuntu Loco Team က admin ‌တွေ‌ရောကူညီ‌ဖြေရှင်း‌ပေး‌နေကျ ညီအစ်ကိုမိတ်‌ဆွေ Member များအားလုံးကို‌ကျေးဇူးအများကြီးတင်ရှိပါ‌ကြောင်းဒီ‌နေရာက‌နေထပ်‌လောင်း‌ပြောကြားလိုပါတယ်။ အားလုံးပဲကျန်းမာ‌ပျော်ရွှင်စွာနဲ့ ဖြစ်ချင်တာမှာ‌ရော ဖြစ်သင့်တာမှာပါ ‌အောင်မြင်‌ကျေနပ်နိုင်ကြပါ‌စေ။
P.S.
http://ubuntumyanmar.blog.com/?page_id=531 တွင် E-books များ Download ရယူနိုင်ပါသည်။

4 comments:

  1. ကိုစည်သူအောင် အားပေးတယ်ဗျာ..ကြိုးစားပါ..ဒီလိုပုံစံမျိုးတွေ့လိုက်ရတာ ၀မ်းသာပါတယ်..မိမိကိုယ်တိုင်ကြုံတွေ့ရတဲ့ အခက်အခဲကို ဒိုင်ယာရီ စာမျက်နှာပုံစံလေးအဖြစ်နဲ့ နောက် အခက်အခဲဖြစ်လာနိုင်တဲ့ user တွေအတွက် တော်တော်ကို အကျိုးပြုနိုင်မယ့် Sharing ပုံစံလေးဆိုတော့ တော်တော်သဘောကျမိပါတယ်..ဂုဏ်ယူပါတယ် ကိုစည်သူအောင်ရေ...

    ReplyDelete
  2. Anonymous1/03/2012

    ဟုတ်ကဲ့ ကျနော်ကိုတိုင်မလုပ်တတ်ပေမယ့် အခုလို လုပ်ပြမယ့်သူ၊ သင်ပြပေးမယ်သူတွေရှိတော့ အားကျမိပါတယ်။

    ReplyDelete
  3. Anonymous1/04/2012

    တော်တော်ကောင်းတဲ့ စိတ်ကူးလေးဗျာ user အချင်းချင်း အဲလို ပြန်ပီး share ခြင်းဖြင့် Ubuntu ပြန့်နှံ့နှုန်းတိုးတက်ပါစေ မြန်မြန်။

    ReplyDelete
  4. Anonymous1/07/2012

    အစ်ကိုရေ ကျေးဇူးကြီးလှပါတယ်ဗျာ. လေးလည်းလေးစားတယ်. ဒီထက်မကလည်းတိုးတက်ပါစေဗျာ.

    ReplyDelete

ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်