06/04/2012

‌ဒေါက် ‌ဒေါက် ‌ဒေါက် ဘယ်သူလဲ? Cloud Cloud Cloud!

ကျွန်‌တော်တို့ Internet သုံးစွဲသူတိုင်း မဖြစ်မ‌နေပတ်သက်လာရမှာက Cloud Storage System လို့ထင်ပါတယ်။ Cloud Service Provider ‌တွေကလည်း ပုံသဏ္ဍန်အမျိုးမျိုးနဲ့ Consumers ‌တွေကို ဆွဲ‌ဆောင်တတ်ကြပါတယ်။ PC တစ်ခုလုံးကို‌တောင် Backup ‌တွေ၊ Syn လုပ်နိုင်ဖို့အတွက် လစဉ်‌ကြေး
‌ဒေါ်လာစ အနည်းငယ်နဲ့ ဝန်‌ဆောင်မှု‌ပေးတတ်ကြတယ်။ ကိုယ့် Personal Data ‌တွေကို Internet Connection ရှိတဲ့ PC, Tablet, Mobile Device ‌တွေက‌နေ လိုသလို စီမံခန့်ခွဲနိုင်ဖို့ အသုံးဝင်လာ‌စေတယ်။

လူတစ်‌ယောက်က သူ့စိတ်ကြိုက်မြင်ကွင်း‌လေးတစ်ခုကို Mobile Phone ‌လေးနဲ့မှတ်တမ်းတင်ရိုက်ကူးပြီး
Picasa ဆိုတဲ့ Application ကိုသုံးလို့ Cloud ကို upload တင်လိုက်တယ်။ အိမ်ပြန်‌ရောက်‌တော့ ပုံကို Edit လုပ်ဖို့ အတွက် Laptop သုံးပြီး Cloud မှာတင် picnik app နဲ့ Edit လုပ်လိုက်တယ်။ ပြီး‌တော့ သူကြည့်‌စေချင်တဲ့ မိတ်‌ဆွေ‌တွေဆီ Share လုပ်လိုက်တယ်။ အဲဒီမှာ သူ့မိတ်‌ဆွေတစ်‌ယောက်က Tablet ‌လေးနဲ့ သူရိုက်ကူးထားတဲ့ ပုံ‌လေးကို ကြည့်ရှုမှတ်ချက်ပြုမယ်။ ဖြစ်စဉ်တစ်ခုလုံးဟာ Cloud ‌ကြောင့် အသက်ဝင်‌နေပါတယ်။(ကျွန်‌တော့်တို့ နိုင်ငံမှာ‌တော့ လာမည်၊ ကြာမည် ‌ပေါ့ဗျာ :) )

ကျွန်‌တော်တို့အ‌နေနဲ့ Connetion လည်းဒီ‌လောက်မ‌ကောင်း‌သေး၊ တင်စရာ၊ Share စရာလည်း ဒီ‌လောက်များများစားစားမရှိ‌သေး၊ Mobile Devices ‌တွေ‌ပေါ်မှာလည်း Internet ကဒီ‌လောက်‌တောင် အသုံးပြုလို့မရ‌သေးဘူး ဆို‌တော့ Free ‌ပေးတဲ့ Service ‌တွေကိုပဲ ရှာ‌ဖွေသုံးရင် အဆင်‌ပြေနိုင်မယ်လို့ ယူဆမိတယ်။ Company ‌တွေရဲ့ထုံးစံအတိုင်း ငါ‌တော့ မင်းကို ဒီပမာဏ‌လောက် အလကား‌ပေးသုံးမယ်။ မင်းကြိုက်ရင် ထပ်တိုးသုံးချင်ရင် တစ်လတစ်လ ဒီပိုက်ဆံ‌လောက်‌တော့ ငါ့ကို‌ပေးဆိုတာမျိုး။ ဒီ‌တော့ ကျွန်‌တော်တို့ကလည်း အလကား‌ပေးသုံးတာချင်းတူတူ များများ‌ပေးသုံးနိုင်တဲ့ Service မျိုးသုံးချင်တာ‌ပေါ့။ အဲဒီမှာတင် Apple iCloud, Drop Box, Google Docs, Microsoft SkyDrive စသည်စသည် တို့ကို မျက်စိကျစရာ ဖြစ်လာ‌တော့တယ်။

Cloud Service ‌တွေထဲမှာ သူ့အလိုက်အထိုက် အားနည်းချက်၊ အားသာချက်‌တွေရှိ‌ပေမယ့် ကျွန်‌တော်တို့သုံးဖို့စဉ်းစားရင်‌တော့ တစ်‌နေရာထဲမှာ အကုန်ရနိုင်တဲ့ Service မျိုးဆိုရင် ပို‌ကောင်းမယ်လို့ ထင်မိတယ်။ အဲ ဒါ‌ပေမယ့် အကုန်‌တော့လည်း မရနိုင်ပြန်ဘူးဗျ။ ဥပမာ Music အတွက် Apple က‌ကောင်း‌နေချိန်မှာ Documents နဲ့ Mail ‌တွေအတွက် Google တို့၊ Microsoft တို့က ‌ကောင်း‌နေပြန်‌ရော။ Device အာလုံးမှာ download ဆွဲပြီး သုံးနိုင်တဲ့‌နေရာမှာ‌တော့ Dropbox က အ‌ကောင်းဆုံး။ ပုံ‌တွေ၊ စာ‌တွေ တစ်‌နေရာတည်း ဖန်တီး၊ စုစည်းမယ် ဆိုရင်‌တော့ Skydrive ကမဆိုးပြန်ဘူး။

http://www.pocket-lint.com/news/40364/icloud-google-music-dropbox-skydrive-amazon-cloud-player
ဆိုတဲ့ Review မှာ ‌ပြောထားတာ‌လေး‌တော့ မဆိုးဘူး။ Service တစ်ခုချင်းစီကို Free ‌ပေးတဲ့ ‌နောက်ဆုံး Limit ‌တွေအထိ သိမ်းချင်တဲ့အရာ‌လေး‌တွေကို ခွဲခြားပြီးသိမ်းပါတဲ့။

ကျွန်‌တော်က‌တော့ ဒီလိုစဉ်းစားမိတယ်။

Device အားလုံး‌ပေါ်မှာလည်း အဆင်‌ပြေဖို့ဆိုရင် OS တ‌ပြေးတည်း run တဲ့ Service မျိုး ဆိုရင် ပိုအဆင်‌ပြေလိမ့်မယ်။

iOS ဆိုရင် iPhone, iPad, iMac ဆို‌တော့ Cloud ကိုတပြိုင်တည်း Syn လုပ်သုံးဖို့ အဆင်‌ပြေတယ်။ ဒါ‌ပေမယ့် ကျွန်‌တော်က‌တော့ ဝယ်မသုံးနိုင်လို့ iCloud ကို သုံးဖို့ မစဉ်းစားနိုင်‌သေးဘူး။ :)

Android OS ဆိုရင် ပုံ‌တွေကို Picasa မှာတင်၊ Google Docs မှာ File ‌တွေနဲ့အလုပ်လုပ်၊ Music အတွက် Now Play ကိုသုံး၊ Video အတွက် Youtube နဲ့ Share မျှ၊ Space ကလည်း နည်းသ‌ယောင်‌ယောင်ရှိ‌ပေမယ့် တစ်ခုချင်းစီအတွက် Free ‌ပေးထားတဲ့ပမာဏ‌တွေ အားလုံးစုလိုက်ရင် မနည်းဘူးဆို‌တော့မဆိုးဘူး။ ဒါ‌ပေမယ့် Android OS က Mobile Phone နဲ့ Tablet ‌တွေ‌ပေါ်မှာပဲ ရှိ‌နေပြီး PC ‌ပေါ်‌ရောက်ဖို့‌တော့ အများကြီးလို‌သေးတယ်။ အဲဒီ‌တော့ တပြိုင်တည်း၊ တ‌ပြေးတည်း Syn လုပ်သုံးဖို့‌တော့ ရ‌တော့ရတယ်၊ တသားတည်းမကျသလို ခံစားရတယ်။

25G ကြီးများ‌တောင် ‌ပေးထားတဲ့ SkyDrive Cloud ‌ပေးတဲ့ Microsoft ထုတ် Windows Platform က‌ရော။ သူလည်း PC မှာ ဘုရင်ဖြစ်‌နေ‌ပေမယ့် Tablet နဲ့ Phone ‌တွေမှာ‌တော့ ပြိုင်ဖက်‌တွေနဲ့စာရင် ရာခိုင်နှုန်း‌တော်‌တော်နည်း‌နေ‌သေးတယ်။ ဒါ‌ပေမယ့် Windows 8 ကဒီအရာ‌တွေအတွက် အဆုံးအဖြတ်‌ပေး နိုင်မလားဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

အဲဒီ‌တော့ ကျွန်‌တော်တို့ အလုပ်လုပ်‌နေတဲ့ Computer System တစ်ခုလုံးကို သွား‌လေရာရာ၊ ဘယ်‌နေရာကပဲဖြစ်ဖြစ်၊ ဘယ် Device ကပဲဖြစ်ဖြစ် တပြိုင်တည်း၊တ‌ပြေးတည်း၊တသားတည်း နဲ့ Syn လုပ်ပြီးသုံးနိုင်ဖို့ တစ်ချိန်ချိန်မှာ ‌ရွေးချယ်ခွင့်‌တွေပိုများလာလိမ့်မယ်လို့ ထင်မိတယ်။ အခု‌တော့ Free Space များများ‌ပေးတဲ့ Service ‌တွေကို စမ်းသုံးကြည့်ရင်း Cloud ဆိုတာကြီးကို လှမ်း‌မျှော်ကြည့်လိုက်ရပါတယ်။     ။

(ဒီ link မှာတော့15 Cloud Storage Sites လို့ဆိုထားပါတယ်။ ဝင်‌ရောက်ကြည့်ရှု Sign Up ပြု၍ သုံးကြည့်နိုင်ပါတယ် ခင်ဗျား )

http://www.practicalecommerce.com/articles/2969-15-Cloud-Storage-Sites
(ကျွန်တော် IT professional မဟုတ်တဲ့အတွက် စိတ်ဝင်စားမိသမျှကို share လုပ်တဲ့နေရာမှာ အမှားတွေအများကြီး ရှိနိုင်မှာပါ။ ခင်မင်ရင်းနှီးစွာ ဝိုင်းဝန်းဝေဖန် အကြံပြုပေးစေချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။)

No comments:

Post a Comment

ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်