27/04/2012

Google Drive အသုံးပြုသင့်တဲ့ အချက် (၁၀)ချက်

Cloud Storage ‌တွေကြား မကြာမီရက်ပိုင်းက Google Inc ရဲ့ Google Drive ဆိုတာ‌ပေါ်ထွက်လာခဲ့ပါပြီ။ ကျွန်‌တော်စမ်းသုံးကြည့်သမျှ G-Drive ရဲ့ Features များကို ပြန်လည်‌ဝေမျှလိုက်ရပါတယ်။

(၁) Gmail ရှိရင် G-Drive ရှိတယ်

Gmail ရှိရုံနဲ့ G-Drive သုံးလို့ရတဲ့အတွက် အခြား Cloud Storage Site ‌တွေလို သီးခြား Sign Up လုပ်ပြီး၊ Account Verification လုပ်ရတဲ့ အဆင့်‌တွေမရှိပဲ
အလွယ်တကူအသုံးပြုနိုင်ပါတယ်။

(၂) တိမ်‌တွေ‌ပေါ်မှာ အလုပ်လုပ်မယ်

G-Drive ရဲ့ Create Button ကိုနှိပ်လိုက်တာနဲ့ စီမံဖန်တီးလို့ရတဲ့ Office Application ‌တွေကို‌တွေ့ရမှာပါ။ စာစီစာရိုက်လုပ်မလား၊ Presentation အတွက် Power Point တင်မလား၊ စာရင်းဇယား ပြုစုမလား၊ ရုပ်ပုံ‌တွေပဲဆွဲမလား စတဲ့ ‌ယေဘုယျ အသုံးပြုနိုင်တဲ့ Google Docs နဲ့တွဲစပ်ထားခြင်းက ‌နောင်တစ်ချိန် Internet Flooded ဖြစ်တဲ့အခါ ကိုယ့်ကွန်ပြူတာမှာ ဘယ် Office Software မှ Install မလုပ်ထားလည်း Cloud မှာတင် အလုပ်လုပ်လို့ ရ‌တော့မယ် လို့ ‌ကြေငြာ‌မောင်းခတ်ထားသလိုပါပဲ။

(၃) ဘယ်သူခွဲခွဲ တို့မကွဲ

ကိုယ့် Computer က ဘယ် Data မဆို G-Drive ‌ပေါ် Upload တင်နိုင်ပါတယ်။ ပုံ၊ စာ၊ သီချင်း၊ ဗွီဒီယို၊ pdf ၊ softwares တင်ချင်တဲ့ ဖိုင်ကို တင်ရုံ ပါပဲ။ တင်တဲ့အခါမှာ ကိုယ့် G-Drive မှာ Folder ‌တွေခွဲပြီးသိမ်းချင်သိမ်း ဒါမှမဟုတ်ရင်လည်း ပြန့်ကျဲ‌နေတဲ့ (G-Drive က Recognized လုပ်တဲ့) File ‌တွေကို G-Drive ကသူ့ Category နဲ့ပြ‌ပေးနိုင်ပါတယ်။ ဥပမာ E-books ‌တွေပြန့်ကျဲ‌နေရင် pdf category မှာ တစုတစည်းတည်း ပြန်‌တွေ့နိုင်တာမျိုးပါ။

(၄) ရှာပုံ‌တော်


Search ဘုရင် Google က သူ့ G-Drive မှာလည်း ကိုယ်တင်ထားတဲ့ File ‌တွေများပြားလွန်း‌နေရင် အလွယ်တကူရှာ‌ဖွေလို့ရ‌အောင် Sensitive ဖြစ်လွန်းတဲ့ Search box တစ်ခုကိုထည့်‌ပေးထားပါတယ်။ Zawgyi သုံးပြီး မြန်မာလိုရှာ‌တော့လည်း အဆင်‌ပြေတာပါပဲ။ သုံးကြည့်တာအရမ်းအဆင်‌ပြေပါတယ်။

(၅) ဘယ်သူ့ကိုပြချင်လဲ?

ကမ္ဘာ့ရွာထဲက Internet ကွန်ယက်ကြီးထဲမှာ အိမ်နီချင်း ဟင်း‌ကောင်းတစ်ခွက်‌ပေးတတ်တဲ့ Sharing ကဏ္ဍဟာ အရမ်းအ‌ရေးပါလာခဲ့တယ်။ ကိုယ်တိုင် သိထား၊‌ လေ့လာထား၊ ဖန်တီးထားတဲ့ အရာ‌တွေကို လုံခြုံတဲ့‌နေရာမှာသိမ်းဆည်း အတူတကွ လုပ်‌ဆောင်နိုင်မယ့် သူ‌တွေနဲ့ ‌ဖော်‌ဆောင်မျှ‌ဝေခြင်း ဟာလည်း Internet ယဉ်‌ကျေးမှုတစ်ခုလို ဖြစ်လာတယ်။ အဲ့ဒီအတွက် G-Drive က Service ‌ပေးဖို့အဆင်သင့်ရှိ‌နေပါတယ်။ ဥပမာ - ကိုယ်လုပ်ထားတဲ့ Company အမြတ်စရင်း Power Point File တစ်ခု G-Drive ‌ပေါ်မှာသိမ်းလိုက် ပြီဆိုရင် ကိုယ့်CEO တစ်‌ယောက်တည်းကိုပဲ ပြချင်တာလား၊ လုပ်‌ဖော်ကိုင်ဖက်‌တွေနဲ့ပဲ အရင် မျှ‌ဝေတိုင်ပင်ဦးမလား၊ ဒါမှမဟုတ် Public လုပ်ပြီးပဲ အားလုံးကို ကြွားလိုက်မလား(အ‌ထောင်းခံရမလား‌တော့ မသိဘူး :) )။ အရာအားလုံးအတွက် G-Drive ရဲ့ Sharing မှာ စနစ်တကျ အ‌ကောင်အထည်‌ဖော်လို့ရပါတယ်။

(၆) ဘယ်ကိုသွားသွား သူအမြဲရှိတယ်

Internet သုံးပြီး စီမံခန့်ခွဲရတဲ့ Business ‌တွေများလာ‌လေ‌လေ Cloud Storage ‌တွေရဲ့ Synchronized လုပ်‌ဆောင်နိုင်စွမ်းကလည်း အ‌ရေးကြီးလာ‌လေ‌လေ ပါပဲ။ ကိုယ့်ရဲ့ အ‌ရေးကြီးတဲ့ Excel ဖိုင်တစ်ခုကို ကိုယ့် PC, Tablet, Phone တစ်ခုချင်းစီမှာ သိမ်းပြီး တစ်ခါစီလိုက်ပြင်‌နေရင် ဘယ်‌လောက်စွန့်စားရကျလိမ့်မလဲ? Google Drive 1.0 ကိုသာ ကိုယ့် Computer ထဲ Download ဆွဲထည့်ထားလိုက်ပြီး Google Drive Folder နဲ့သာ ချိတ်ဆက်ထားလိုက်ရင် Sync အလိုလိုလုပ်‌ပေး‌နေပါလိမ့်မယ်။ ဖုန်းနဲ့ ‌ကျောက်သင်ပုန်း (tablet) ‌တွေ‌ပေါ်မှာလည်း အဲ့ဒီ application ကို သုံးနိုင်‌တော့မှာပါ။

(၇) ဒါတင်ဘယ်ကမလဲ


G-Drive မှာ Google Docs Application ‌တွေအပြင် တခြား Application ‌တွေကိုလည်း ထည့်သွင်း အသုံးပြုနိုင်ပါ‌သေးတယ်။ အဲ့ဒီအတွက် G-Drive ကို Google Chrome Browser ‌ပေါ်မှာ အသုံးပြုရပါတယ်။ ပြီး‌တော့ G-Drive ရဲ့ Setting ထဲက Manage Application ကိုသွားပြီး Get More ကို‌ရွေးချယ်လိုက်ရင် Chrome Web Store က ‌နောက် Tab တစ်ခုအ‌နေနဲ့ ‌ပေါ်လာပြီး Drive applications ‌တွေကို ပြ‌ပေးပါလိမ့်မယ်။ ကိုယ်လိုချင်တဲ့ Application  ကို mouse ‌လေး‌ထောက်ပြီး Add to Chrome နှိပ်လိုက်ရုံပါပဲ။ (သွင်းပြီးသွားရင်‌တော့ firefox မှာ ပြန်လည်အသုံးပြု၍ ရ‌ကြောင်းပါ)

(၈) Internet မရရင်‌ကော?

Chrome Browser ကိုသုံးပြီး ‌နောက်တစ်ခုသုံးနိုင်တာက Offline Access ပါပဲ။ Chrome Browser ထဲက ကိုယ့် G-Drive ရဲ့ Setting မှာ Set up Docs offline ဆိုပြီးနှိပ်ပြီး Install လုပ်သုံးနိုင်ပါတယ်။ ကိုယ့် PC Internet မချိတ်ထားတဲ့အချိန်‌တွေမှာ Sync လုပ်ထားတဲ့ File ‌တွေကို ပြန်လည်စစ်‌ဆေးနိုင်ပါတယ်။

(၉) ‌သေး‌သေး‌လေးပဲလား၊ အကြီးကြီးလား?


Upload တင်တဲ့အခါ Mozilla Firefox မှာဆိုရင်(applet install မလုပ်ထားရင်) File အ‌နေနဲ့ပဲတင်နိုင်ပါတယ်။ Folder အလိုက်တင်ချင်ရင်‌တော့ ထုံးစံအတိုင်း Chrome Browser ကိုသုံးရပါတယ်။(ကျွန်‌တော်က‌တော့ Google က‌ပေးတဲ့ Service ‌တွေကို Chrome နဲ့သုံးရင် ပိုအဆင်‌ပြေနိုင်မယ်လို့ ယူဆမိပါတယ်)။ Chrome Browser မှာ G-Drive ရဲ့ Create ‌ဘေးက Upload icon ‌လေးကိုနှိပ်ပြီး Folder ကို‌ရွေးလိုက်တာနဲ့ Folder တစ်ခုလုံး Upload တင်နိုင်ပါတယ်။ (Firefox မှာ‌တော့ install applet ကိုနှိပ်၍ java ကိုအရင် Install လုပ်ပြီး Folder Upload ကိုသုံးနိုင်ပါတယ်)

(၁၀) အလကားရတဲ့နွားကို သွားဖြဲကြည့်ခြင်း :)


ကျွန်‌တော်တို့ G-Drive ‌ကောင်း‌ကြောင်းချည်း‌ပြော‌နေပါပြီ။ ဘယ်‌လောက်များများ အလကားသိမ်းနိုင်မလဲ ဆိုလာလို့ရှိရင် 5 Gigabyte ပါပဲ။ 2G သာ Free ‌ပေးတဲ့ Drop Box ထက်စာရင် 5G ‌တောင်ဟလို့ ‌ပြောလို့ရသလို၊ 25G ‌တောင် Free ‌ပေးတဲ့ Microsoft Skydrive နဲ့စာရင် 5G ‌လေးပဲဟ လို့လည်း ယူဆလို့ရပါတယ်။ အခုပို့စ်မှာ အဲဒီသုံးခုကို နှိုင်းယှဉ်သုံးသပ်ဖို့မရည်ရွယ်ထားပါ။ (ဉာဏ်မီသ‌လောက်‌လေး Cloud Storage System များကို နှိုင်းယှဉ်သုံးသပ်ထားတဲ့ ကျွန်‌တော့်ပို့စ်‌လေးကို‌တော့ ဒီ‌နေရာမှာ ဖတ်ရှု‌ဝေဖန်နိုင်ပါတယ်ခင်ဗျာ)။ဒါ‌ကြောင့် Google Drive အ‌ကြောင်းပဲဆက်‌ပြောပါမယ်။ 5G ဆိုတာ မများလွန်း‌သော်လည်း free ထဲမှာ‌တော့ မနည်းလွန်းပါ။ ဘာလို့လည်းဆို‌တော့ Google ကြီးက ကျွန်‌တော်တို့ကို Gmail အ‌နေနဲ့ Space သပ်သပ်‌ပေးထားပါတယ်။ ရုပ်ပုံ‌တွေအတွက်လည်း Picasa မှာ Space သီးခြားထပ်‌ပေးထားပါတယ်။ ဗွီဒီယို‌တွေအတွက်လည်း Youtube ကြီးရှိ‌နေပါတယ်၊ ‌တေးသီချင်း‌တွေအတွက်က Google Play (ကျွန်‌တော်တို့ဆီ) မကြာမီလာနိုင်ပါတယ်။ အဲ့ဒီ‌တော့ Office စာသားဖိုင်‌လေးနဲ့ အခြားဖိုင်‌လေး တချို့တ‌လေ စုဖို့၊ Share ဖို့အတွက်က‌တော့ Google Drive က ကျွန်‌တော်တို့ကို ‌ပေးတဲ့ 5G ဆိုတာ သိပ်လည်းမနည်းလွန်း၊ သိပ်လည်း များမ‌နေဘူးလားလို့ပါ။

ကျွန်‌တော်တင်ပြခဲ့တဲ့ အချက်၁ဝချက်ဟာ Google Drive ကိုကျွန်‌တော် စမ်းသပ်သုံးစွဲ ပြီးလေ့လာမိ သ‌လောက်‌လေး ‌ဝေမျှထားခြင်းသာ ဖြစ်ပါတယ်။ အမှားများစွာ ပါရှိခဲ့လျှင် ဝိုင်းဝန်း‌ဝေဖန်‌ပေး ကြ ပါလို့  . . . .။      ။

 Ref : https://support.google.com/drive/?p=web_home&hl=en_US

No comments:

Post a Comment

ဝေဖန်ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်